မြီရှင်တွေအကြံပြုသမျှ လက်ခံမှာမဟုတ်ဘူးလို့ ဂရိပြော

  • 6 ဇွန် 2015
alexis_tsipras ဓာတ်ပုံ မူပိုင် EPA
Image caption ဂရိ နိုင်ငံ ဘဏ် တွေ မှာ လှည့်လည် သုံးစွဲ ဖို့ ငွေကြေး တွေ အရှိန် မြန်မြန် နဲ့ ကုန်ခမ်း လာနေပြီ။

ဂရိ နိုင်ငံ မှာ ကြုံတွေ့ နေရ တဲ့ ဘဏ္ဍာရေး ဆိုင်ရာ အကြပ်အတည်း အတွက် ခေါ် ယူ နေတဲ့ အရေးပေါ် ပါလီမန် အစည်း အဝေး မှာ ဂရိ ဝန်ကြီးချုပ် အလက်ဆီ ဆီးပရပ်စ် က သူ့ အစိုး ရ အနေနဲ့ ကြွေးမြီ လျှော့ချ ပေးမယ့် ကိစ္စ က လွဲပြီး နိုင်ငံတကာ မြီရှင် တွေ ရဲ့ ဘယ်လို အကြံပြု ချက် တွေ ကို မှ လက်ခံ နိုင် မှာ မဟုတ်ဘူး ဆိုပြီး ပြောခဲ့ ပါတယ်။

ဂရိ နိုင်ငံ မှာ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒ တွေ ပြုပြင် ပြောင်းလဲ မှု တွေ လုပ်ဆောင်မယ် ဆိုရင် နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF၊ ဥရောပ ဗဟို ဘဏ် နဲ့ ဥရောပ ကော်မရှင် တွေ လို အဖွဲ့ အစည်း တွေ က ဂရိ ဘဏ် တွေ ကို ငွေကြေး တွေ ဖြည့် တင်း ပေး မယ် ဆို တဲ့ အစီအစဉ် ဟာ ဘယ်လို မှ အဓိပ္ပာယ် မရှိ တဲ့ အစီအစဉ် ဖြစ် တယ် လို့ မစ္စတာ ဆီးပရပ်စ် က ပြော ပါတယ်။

ဒါပေမယ့် ဂရိ နိုင်ငံ ဘဏ် တွေ မှာ လှည့်လည် သုံးစွဲ ဖို့ ငွေကြေး တွေ အရှိန် မြန်မြန် နဲ့ ကုန်ခမ်း လာပြီ ဆိုတဲ့ အချက် ကို တော့ ဂရိ ဝန်ကြီးချုပ် က ထပ်မံ ဝန်ခံ ခဲ့ပါတယ်။

ဂရိ နိုင်ငံ ရဲ့ မြီရှင် တွေ ဟာ လက်ရှိ သဘောတူ မှု တွေ ကနေ နောက်ပြန် ဆုတ် နေတယ် လို့ လည်း မစ္စတာ ဆီးပရပ်စ် က စွပ်စွဲ လိုက်ပြီး ဂရိ နိုင်ငံ မှာ အစိုးရ ရဲ့ ဘတ်ဂျက် ဖြတ်တောက် လျှော့ချမှု ခြိုးခြံ ခြွေတာရေး မူဝါဒ ကို အဆုံး သတ် ဖို့ လိုအပ် တယ် ဆိုတဲ့ အချက် ကို မြီရှင် တွေ အနေနဲ့ သိမြင် နားလည် ရမှာ ဖြစ်တယ် လို့ လည်း မစ္စတာ ဆီးပရပ်စ် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ