အိန္ဒိယမှာ Maggi ခေါက်ဆွဲထုပ်တွေကို ပိတ်ပင်

ဓာတ်ပုံ မူပိုင် AP
Image caption Maggi ခေါက်ဆွဲခြောက်ထုပ် တွေမှာ ခဲဓာတ် ပါဝင်မှု များနေ။

အိန္ဒိယ နိုင်ငံမှာ လူကြိုက်များတဲ့ Maggi အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ် တွေကို ဓာတ်ခွဲ စမ်းသပ်မှုအရ ကျန်းမာရေး ထိခိုက်နိုင်တဲ့ အတွက် ရောင်းချခွင့် တားမြစ် လိုက်ပါတယ်။

Nestle ကုမ္ပဏီက ထုတ်လုပ်တဲ့ အဲဒီ Maggi ခေါက်ဆွဲခြောက်ထုပ် တွေမှာ ခဲဓာတ် ပါဝင်မှုက အန္တရာယ်ရှိတဲ့ အဆင့်အထိ ပါဝင်နေတာ တွေ့ရတဲ့အတွက် အိန္ဒိယ စားသောက်ကုန် အန္တရာယ် ကင်းရှင်းရေး အေဂျင်စီက ပိတ်ပင် လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ရောင်းချခွင့်ပြုထားတဲ့ Nestle ကုမ္ပဏီထုတ် ခေါက်ဆွဲခြောက် ၉ မျိုးစလုံးကို အရောင်းစင်တွေ ပေါ်ကနေ ပြန်သိမ်းဖို့ အဲဒီ အေဂျင်စီက ညွှန်ကြား ထားပါတယ်။

စင်ကာပူ နိုင်ငံကလည်း အိန္ဒိယ ကနေ တင်သွင်းတဲ့ ခေါက်ဆွဲခြောက်ထုပ် တွေကို တားမြစ် လိုက်ပါတယ်။

စောစောပိုင်း ကတော့ Nestle ကုမ္ပဏ သူတို့ ထုတ်ကုန်တွေဟာ လုံးဝ အန္တရာယ် ကင်းပါတယ်လို့ ပြောခဲ့ပြီး ကြိုတင် ကာကွယ်တဲ့ အနေနဲ့သာ ရောင်းချမှုတွေကို ပြန်ရုပ်သိမ်း ခဲ့ပါတယ်။

Maggi တံဆိပ်ဟာ အိန္ဒိယ နိုင်ငံက ခေါက်ဆွဲခြောက်ထုပ် စျေးကွက်မှာ ၈၀ ရာခိုင်နှုန်း စျေးကွက်ဝေစု ရှိထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ