မာလာလာကို တိုက်ခိုက်သူ ၈ ဦး လွတ်မြောက်ခဲ့

ဓာတ်ပုံ မူပိုင် Getty
Image caption ၂၀၁၂ က လုပ်ကြံခံရပြီးနောက် မာလာလာ ဒဏ်ရာအပြင်းအထန် ရခဲ့။

ပါကစ္စတန် နိုင်ငံမှာ ကလေး အခွင့်အရေး လှုပ်ရှားသူ မာလာလာ ယူဆပ်ဇိုင်ကို သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့သူ ၁၀ ယောက်ကို ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပြီး နောက်မှာ တကယ်တော့ အဲဒီအထဲက ၈ ယောက်ကို လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ ပါကစ္စတန် ရဲတွေက တဆင့် သိရှိရပါတယ်။

ကြားနာ စစ်ဆေး ခဲ့တဲ့ လူ ၁၀ ယောက် ထဲမှာ ၈ ယောက်ကို အထောက် အထား မခိုင်လုံတဲ့ အတွက် ဧပြီလကပဲ တရားသေ လွှတ်ပေးခဲ့တယ်လို့ Swat ပြည်နယ် ရဲချုပ် Azad Khan က ပြောပါတယ်။

အဲဒီ အချိန်တုန်းကတော့ စစ်သွေးကြွ ၁၀ ယောက် စလုံးကို ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့တာလို့ ပါကစ္စတန် အရာရှိတွေက သတင်း ထုတ်ပြန် ခဲ့တာပါ။

တံခါးပိတ် ပြုလုပ်ခဲ့တဲ့ အဲဒီ လျှို့ဝှက် ကြားနာ စစ်ဆေးမှုမှာ အခုလို ဖုံးကွယ် ထားမှုတွေကြောင့် အဲဒီ ကြားနာမှု ဘယ်လောက် တရားဝင်သလဲ ဆိုတာကို မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ