ဖီဖာ ဒုဥက္ကဋ္ဌဟောင်း ရန်ပုံငွေ ပျောက်မှုနဲ့ စစ်ဆေး

  • 8 ဇွန် 2015
Jack Warner ဓာတ်ပုံ မူပိုင် Reuters
Image caption ဟေတီ ပြန်လည် ထူထောင်ရေး ငွေလှူဖို့ ဆော်သြ ခဲ့

ဖီဖာ ဒုဥက္ကဋ္ဌဟောင်း Jack Warner ကို ၂ဝ၁ဝ က ဟေတီ ငလျင် ကယ်ဆယ်ရေး ရန်ပုံငွေဒေါ်လာ ၇ သိန်းခွဲ ပျောက်ဆုံးမှုနဲ့ အမေရိကန်က စစ်ဆေး နေပါတယ်။

မစ္စတာ ဝါနာ ဟာ ငလျင် လှုပ်ပြီးပြီးချင်း လပိုင်း အတွင်း ဟေတီကို သွားပြီး ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်နဲ့ တောင်ကိုရီးယား ဘောလုံး အဖွဲ့ တို့က နေ ဟေတီ ပြန်လည် ထူထောင်ရေး အတွက် ငွေလှူကြဖို့ ဆော်သြ ခဲ့ပါတယ်။

ဒါပေမဲ့ မစ္စတာ ဝါနာက ဒီငွေတွေကို သူ့ ဘဏ်စာရင်းတွေ ထဲ လွှဲပြောင်းပြီး သူ့ကိုယ်ကျိုး အတွက် သုံးပစ် တယ်လို့ အမေရိကန် အမှုလိုက် အရာရှိ တွေက ပြောပါတယ်။

၄ နှစ် ကြာတဲ့ အထိ ဒီငွေတွေ ဘယ်ရောင် နေတယ် ဆိုတာ ရှာလို့ မရ ဖြစ်နေပြီး မစ္စတာ ဝါနာ က ဒီစွပ်စွဲ ချက်တွေကို ငြင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ