ရုရှား​အပေါ် ပိတ်​ဆို့​မှု​တွေ ဆက်​ထား​မယ်

  • 8 ဇွန် 2015
_obama_merkel_ ဓာတ်ပုံ မူပိုင် Getty
Image caption ရုရှား အပေါ် ပြစ်ဒဏ်ခတ် အရေးယူ ပိတ်ဆို့ ထားတာ ဆက်လုပ်မယ်။

ရုရှား အနေနဲ့ ယူကရိန်း အရေး ချမှတ် ထားတဲ့ ငြိမ်းချမ်းရေး သဘောတူ မှု တွေ အတိုင်း အပြည့်အဝ လိုက်နာ ဆောင်ရွက် မှု မရှိမခြင်း ရုရှား အပေါ် ပြစ်ဒဏ်ခတ် အရေးယူ ပိတ်ဆို့ ထားတာ တွေ ကို ဆက်လက် ထား ရှိ သွားမှာ ဖြစ်တယ် လို့ စက်မှု ထိပ်သီး ၇ နိုင်ငံ အုပ်စု G7 အဖွဲ့ဝင် နိုင်ငံတွေ ရဲ့ ခေါင်းဆောင်တွေ က ပြောလိုက် ပါတယ်။

ဂျာမနီ နိုင်ငံ တောင်ပိုင်း မှာ ပြုလုပ် နေတဲ့ G7 နှစ်လည် ထိပ်သီး အစည်း အဝေး မှာ အခုလို ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှား ရဲ့ ရန်လို မှု ကို တုန့်ပြန် တဲ့ အနေနဲ့ အခုလို ဆုံးဖြတ် ရတာ ဖြစ်ပြီး၊ ချမှတ် ထားတဲ့ အရေးယူ မှု တွေ လာမယ့် ဂျူလိုင် လ မှာ သက်တမ်း ကုန်ဆုံးတဲ့ အခါ ကြရင် လည်း ထပ်မံ သက်တမ်း တိုးမြှင့် ကောင်း တိုးမြှင် နိုင်တယ် ဆိုပြီး တော့လည်း G7 အဖွဲ့ က ပြောပါတယ်။

ဒီ အချိန်မှာပဲ ယူကရိန်း အစိုးရ ကမ်းစောင့်တပ် ရဲ့ သင်္ဘောတစ်စင်း ဟာ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန် တွေ ထိန်းချုပ် ထားရာ ဒေသ အနီး က မာရီးအူပိုးလ် ဆိပ်ကမ်း နား မှာ ပေါက်ကွဲ သွား ပါတယ်။

ရေအောက် မိုင်းဗုံး ထိခဲ့တာ ဖြစ်တယ် လို့ ယူကရိန်း အာဏာပိုင် တွေ က ပြောပါတယ်။

သင်္ဘောပေါ် က ဝန်ထမ်း ၅ ဦး ဆေးရုံ တင်လိုက် ရတယ် လို့ လည်း ပြောပေမယ့် အထက် အရာ ရှိ ရဲ့ အခြေအနေ ကိုတော့ မသိရပါဘူး။

မာရီအူပိုးလ် ဟာ လတ်တလော မှာ ခွဲထွက်ရေး တပ်တွေ ရဲ့ ဖိအားဒဏ် ခံနေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ