မားစ်ရောဂါကြောင့် သေသူ တောင်ကိုရီးယား ၆ ဦး ရှိပြီ

ဓာတ်ပုံ မူပိုင် AP
Image caption အရှေ့အလယ်ပိုင်း ဒေသ အပြင်ဘက်မှာ အကြီးဆုံး ရောဂါ ဖြစ်ပွားမှု ဖြစ်

တောင်ကိုရီးယား နိုင်ငံမှာ မားစ် လို့ ခေါ်တဲ့ အရှေ့အလယ်ပိုင်း အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ဖြစ်ပွားသူတွေ ထဲက သေဆုံးသူ ၆ ဦး ရှိသွားပြီလို့ သိရပါတယ်။

တနင်္ဂနွေနေ့က မားစ်ရောဂါ ဖြစ်ပွားသူ နောက်ထပ် ၂၃ ဦး တွေ့ရှိ ခဲ့ရတဲ့အတွက် စုစုပေါင်း ရောဂါ ဖြစ်ပွားနေသူ ၈၇ ယောက် ရှိသွားပြီလို့ တောင်ကိုရီးယား ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဒါဟာ အရှေ့အလယ်ပိုင်း ဒေသ အပြင်ဘက်မှာ အကြီးဆုံး ရောဂါ ပျံ့နှံ့ ဖြစ်ပွားမှု ဖြစ်ပါတယ်။

တောင်ကိုရီးယား နိုင်ငံက စာသင်ကျောင်း ၁၉၀၀ နီးပါးကို ပိတ်ထား လိုက်ရပြီး လူ ၂၃၀၀ ခန့်ကို သီးသန့် ခွဲခြား စောင့်ကြည့် နေရတယ်လို့ ဆိုပါတယ်။

မားစ် ရောဂါကြောင့် နောက်ဆုံး သေဆုံးခဲ့သူက အသက် ၈၀ ကျော် အမျိုးသားကြီး တစ်ယောက် ဖြစ်ပြီး ဒီကနေ့ တနင်္လာနေ့ မနက်က သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ