Apple ကုမ္ပဏီက ဂီတဝက်ဘ်ဆိုက်တခု တီထွင်

  • 9 ဇွန် 2015

Apple နည်းပညာကုမ္ပဏီကြီးက တစ်လကို ၁၀ ဒေါ်လာပေးရုံနဲ့ သန်းနဲ့ချီတဲ့ တေးသီချင်းတွေကို အိုင်ဖုန်းနဲ့ အိုက်ပက်တွေမှာ နားဆင်နိုင်မယ့် ဂီတ ဝက်ဘ်ဆိုက်တစ်ခုကို တည်ထောင်လိုက်ပါတယ်။

ဒီဝက်ဘ်ဆိုက်ကနေ ကိုယ်နှစ်ခြိုက်တဲ့ တေးသံရှင်တွေနဲ့ ရေဒီယို အစီအစဉ်တွေကိုလည်း နားဆင်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒါဟာ ဂီတလောကမှာ တခေတ်ဆန်း ဖြစ်လိမ့်မယ်လို့လည်း Apple ရဲ့ ဂီတဆိုင်ရာ အကြီးအကဲ ခရစ်ကွတ် က ပြောကြားခဲ့ပါတယ်

ဓာတ်ပုံ မူပိုင် AP
Image caption ကိုယ်နှစ်ခြိုက်တဲ့ တေးသံရှင်တွေနဲ့ ရေဒီယို အစီအစဉ်တွေကိုလည်း နားဆင်နိုင်ကြမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ပြီးရင် အင်္ဂလန်နိုင်ငံက ပထမဆုံးအနေနဲ့ ဒီ Apple ရဲ့ တေးဂီတ ပရိုဂရမ်ကို သုံးနိုင်မှာ ဖြစ်တယ်လို့လည်း Apple ကုမ္ပဏီက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။