HSBC ဘဏ် အလုပ်အကိုင် ၂ သောင်းခွဲ လျှော့မယ်

  • 9 ဇွန် 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ယူကေ နိုင်ငံအတွင်း အလုပ်အကိုင် ၈၀၀၀ လောက် ဆုံးရှုံးမယ်။

ကမ္ဘာ့ အကြီးဆုံး ဘဏ်ကြီးတွေထဲက တစ်ခု ဖြစ်တဲ့ HSBC ဘဏ်ဟာ ကုန်ကျ စရိတ် လျှော့ချဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ကမ္ဘာ တဝန်း အလုပ်အကိုင် နှစ်သောင်းခွဲကို လျှော့ချမယ်လို့ ကြေညာ လိုက်ပါတယ်။

ဒါ့အပြင် ဘရာဇီးလ်နဲ့ တူရကီ နိုင်ငံတွေမှာ ရှိတဲ့ သူ့ လုပ်ငန်းတွေကိုလည်း ရောင်းပစ်မှာ ဖြစ်ပြီး သေချာမှု မရှိတဲ့ ပိုင်ဆိုင်မှုတွေကို ဒေါ်လာ ဘီလျံ ၃၀၀ နီးပါး အထိ လျှော့ချမှာလည်း ဖြစ်ပါတယ်။

HSBC ဘဏ်ရဲ့ ဌာနချုပ်ရှိရာ ယူကေ နိုင်ငံမှာတော့ အလုပ်အကိုင် အများအပြား ဆုံးရှုံးကြမှာ ဖြစ်ပြီး ယူကေ နိုင်ငံအတွင်း အလုပ်နေရာ ၈၀၀၀ လောက် လျှော့ချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကေ နိုင်ငံမှာ HSBC ရုံးချုပ်ကို ဆက်ထား မထား ဆိုတာကိုလည်း အခု နှစ်ကုန်ပိုင်းမှာ ဆုံးဖြတ်မှာပါ။

HSBC အရာရှိချုပ် Stuart Gulliver ကတော့ ကမ္ဘာကြီးဟာ ပြောင်းလဲသွားပြီ ဆိုတာ၊ အာရှရဲ့ တိုးတက်မှုကို ပိုအာရုံစိုက်ဖို့ လိုပြီ ဆိုတာတွေကို အသိအမှတ်ပြုဖို့ အချိန်ရောက်ပြီလို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ