တောင်ကိုရီးယား မသွားကြဖို့ ဟောင်ကောင် သတိပေး

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ကိုရီးယားမှာ ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၅ ယောက် ရှိသွားပြီ။

မားစ် ခေါ် အရှေ့ အလယ်ပိုင်း ဒေသ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ဖြစ်ပွားမှုတွေ ရှိနေတဲ့ တောင်ကိုရီးယား နိုင်ငံဆီ ခရီးသွားမယ့် သူတွေအတွက် ဟောင်ကောင် အစိုးရက အန္တရာယ် အမြင့်ဆုံး အဆင့် အနီရောင် သတိပေးချက်ကို ထုတ်ပြန်လိုက်ပါတယ်။

အခု သတိပေးချက်အရ တောင်ကိုရီးယား နိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအပေါ် သိသိသာသာ အန္တရာယ် ရှိနေတယ် ဆိုတဲ့ သဘော သက်ရောက်ပြီး ဟောင်ကောင် ပြည်သူတွေ အနေနဲ့ မသွားမဖြစ်တဲ့ ခရီးက လွဲရင် မသွားကြဖို့ ဟောင်ကောင် အစိုးရက အကြံပြုထား ပါတယ်။

မားစ် ရောဂါကြောင့် တောင်ကိုရီးယားမှာ အင်္ဂါနေ့က နောက်ထပ် တစ်ဦး ထပ်မံ သေဆုံးခဲ့တဲ့ အတွက် စုစုပေါင်း သေဆုံးသူ ၇ ယောက် ရှိသွားပြီလို့ ဆိုးလ်မြို့တော်က ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု ပါတယ်။

ရောဂါ ဖြစ်ပွားသူ အရေအတွက် ဟာလည်း နောက်ထပ် ၈ ယောက် ထပ်မံ တွေ့ရှိရတဲ့ အတွက် အခုဆို ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၅ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ