အဝတ်မဲ့ ဓာတ်ပုံရိုက်တဲ့ နိုင်ငံခြားသားတွေကို မလေး ရုံးတင်

ဓာတ်ပုံ မူပိုင် AFP
Image caption မလေးရှား နိုင်ငံမှာ ကင်နာဘာလူ တောင်ကို အထွတ်အမြတ် နေရာအဖြစ် မှတ်ယူကြ။

မလေးရှား နိုင်ငံမှာ အမြင့်ဆုံး ဖြစ်တဲ့ ကင်နာဘာလူ တောင်ထိပ်ပေါ်မှာ ဝတ်လစ်စားလစ် ဓာတ်ပုံရိုက်ခဲ့ကြတဲ့ လူအုပ်စုထဲ ပါဝင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အနောက်တိုင်းသား ခရီးသွား ၄ ဦးကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဆာဘားပြည်နယ်မှာ ရုံးထုတ် ခဲ့ပါတယ်။

ကနေဒါက နှစ်ယောက်၊ ဗြိတိန်က တစ်ယောက်နဲ့ နယ်သာလန်က တစ်ယောက် တို့ကို ရမန် ချုပ်ရက် ထပ်တိုးဖို့ ရုံးထုတ်ခဲ့တာ ဖြစ်ပြီး အများပြည်သူကို စိတ်အနှောက်အယှက် ဖြစ်စေမှုနဲ့ စွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ အုပ်စုထဲက ကျန်တဲ့ နိုင်ငံခြားသား ၆ ယောက်ကိုလည်း ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ကင်နာဘာလူ တောင်ပေါ်မှာ ပြင်းအား ၆ ရှိတဲ့ ငလျင် တစ်ခု လှုပ်ခဲ့အတွက် ကလေးငယ်တွေ အပါအဝင် လူ ၁၈ ဦး သေဆုံး ခဲ့ပါတယ်။

အစိုးရ ဝန်ကြီးတစ်ယောက်ကတော့ အခုလို အလျင်လှုပ်ရတာဟာ အများက အလေးအမြတ် ထားတဲ့ တောင်ပေါ်မှာ နိုင်ငံခြားသားတွေ မဖွယ်မရာ ပြုမူခဲ့လို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ