ဂျာမန်ဝင်းစ်လေယာဉ် ပျက်ကျခဲ့မှု ပြန်လည် စုံစမ်းနေ

  • 11 ဇွန် 2015
germanwings ဓာတ်ပုံ မူပိုင် AFP
Image caption လူသေစေမှု ပုဒ်မ တွေ တပ်ပြီး တရားစွဲ နိုင် ခြေ ရှိမရှိ ကို ပြင်သစ် အာဏာပိုင်တွေ စမ်းစစ်မယ်။

Germanwings လေယာဉ် ကို တွဲဘက် လေယာဉ်မှုး က ပြင်သစ်နိုင်ငံ ဘက်ခြမ်း မှာ ရှိတဲ့ Alps တောင်တန်း ပေါ် တမင် ထိုးစိုက် ဆင်းခဲ့တဲ့ ဖြစ်ရပ် အပေါ် စုံစမ်းမှု အသစ် ထပ်မံ ပြုလုပ် နေပြီ လို့ ပြင်သစ် အာဏာပိုင် တွေ က ပြောပါတယ်။

တွဲဘက် လေယာဉ်မှုး Andreas Lubitz ကို ကုသ ပေးခဲ့ ဖူးတဲ့ ဆရာဝန် တချို့က မစ္စတာ လုဘစ်ဇ် ဟာ လေယာဉ် မောင်းနိုင် လောက်တဲ့ ကျန်းမာရေး မျိုး မရှိ ဘူး ဆိုတာ တွေ့ ရှိ ခဲ့ ကြ ပေမယ့်၊ လူနာ ရဲ့ အချက်အလက် တွေ ကို မပေါက်ကြား စေရမယ့် ဆရာဝန် ရဲ့ ကျင့်ဝတ်နဲ့ အညီ မစ္စတာ လုဘစ်ဇ် ရဲ့ ကျန်းမာရေး အခြေ အနေ ကို လေကြောင်းလိုင်း ကို သတိ ပေးဖို့ ပျက်ကွက် ခဲ့ ကြတယ် ဆိုတဲ့ အချက် ကို အတည် ပြု ထား နိုင် ပါတယ်။

ပြင်သစ် အစိုးရ ရှေ့နေ Brice Robin က တော့ အခု လို အချက် အလက် အသစ် တွေ ပေါ်ထွက် လာပြီး တဲ့ နောက် တရားဝင် စုံစမ်းမှု အသစ် တစ်ရပ် ပြန်လည် စတင် ရခြင်းဟာ Germanwings လေယာဉ် ပျက်ကျ ခဲ့ မှု နဲ့ ပတ်သက်ပြီး လူသေစေမှု ပုဒ်မ တွေ တပ်ပြီး တရားစွဲ နိုင် ခြေ ရှိမရှိ ကို ဆုံးဖြတ် နိုင်ဖို့ ဖြစ်တယ် လို့ ပြောပါတယ်။

Andreas Lubitz ဟာ ညညဆို ၂ နာရီ လောက်သာ အိပ် ပျော် ပြီး သူ့ မျက်လုံး တွေ ကန်းတော့ မလား ဆိုပြီးတော့ လည်း စိုးရိမ် ကြောင်း သူ့ရဲ့ ဆရာဝန် တွေ ကို ဖွင့်ပြောခဲ့ ပါတယ်။

ပြီးခဲ့တဲ့ မတ်လ တုန်း က Germanwings လေယာဉ် ပျက်ကျ ခဲ့မှု မှာ လေယာဉ်ပေါ် လိုက်ပါသွားသူ အယောက် ၁၅၀ လုံး အသက် ဆုံးရှုံး ခဲ့ကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ