နျူဆွေးနွေးပွဲ အချက်အလက် ခိုးယူမှု အစ္စရေး ငြင်းဆို

ဓာတ်ပုံ မူပိုင် AP
Image caption ဆွေးနွေးပွဲ အချက်အလက် ခိုးယူမှုတွေကို ဆွစ်ဇာလန်နဲ့ သြစတြီးယားတို့ စုံစမ်း စစ်ဆေးနေ။

အီရန် နျူကလီးယား အစီအစဉ် အရေး ညှိနှိုင်း ဆွေးနွေးနေတဲ့ ဥရောပက ဟိုတယ်တွေမှာ အချက်အလက် ချိုးဖောက် ရယူတဲ့ ကွန်ပျူတာ ဗိုင်းရပ်စ် တစ်မျိုးကို တွေ့ခဲ့ရပြီးနောက် အစ္စရေး အစိုးရက သူတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆို လိုက်ပါတယ်။

အစည်းအဝေး ပြုလုပ်ရာ ဥရောပက ဟိုတယ် ၃ ခုမှာ တွေ့ရတဲ့ အချက်အလက် ချိုးဖောက်တဲ့ စနစ်ဟာ အလွန် သိမ်မွေ့ခက်ခဲပြီး အစိုးရ တစ်ခုခုရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ရုရှား လုံခြုံရေးဆိုင်ရာ ကုမ္ပဏီ Kaspersky က ပြောပါတယ်။

အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနဲ့ တရုတ် နိုင်ငံတို့က အီရန်ရဲ့ နျူကလီးယား အစီအစဉ်အပေါ် ထိန်းချုပ်မှုတွေ ထားရှိပြီး အပြန်အလှန် အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ အီရန်နဲ့ ညှိနှိုင်း ဆွေးနွေး နေတာ ဖြစ်ပါတယ်။

အီရန် နျူလီးယား လက်နက် ပိုင်ဆိုင်သွားမယ့် အရေးကို စိုးရိမ် ကြောက်လန့်နေတဲ့ အစ္စရေး နိုင်ငံကတော့ အဲဒီ ညှိနှိုင်းမှုတွေမှာ ပါဝင်ခြင်း မရှိပါဘူး။

အဲဒီ အချက်အလက် ချိုးဖောက် ခိုးယူမှုတွေနဲ့ ပတ်သက်ပြီး အခုတော့ ဆွစ်ဇာလန်နဲ့ သြစတြီးယား နိုင်ငံတွေက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ