အာကာသ ယာဉ်မှူး ၃ ဦး ကမ္ဘာမြေဆီ ပြန်လာနိုင်

  • 11 ဇွန် 2015
ဓာတ်ပုံ မူပိုင် epa
Image caption Samantha Cristoforetti က အာကာသအတွင်း တစ်ကြိမ်တည်း အကြာဆုံးနေသူ အမျိုးသမီး အဖြစ် စံချိန်တင်။

ကမ္ဘာပတ် လမ်းကြောင်းအတွင်း ၇ လ နီးပါး နေခဲ့ရတဲ့ အာကာသ ယာဉ်မှူး ၃ ဦးဟာ အခုတော့ ကမ္ဘာမြေဆီ ပြန်လာဖို့အတွက် သူတို့ရဲ့ ယာဉ်ပျံက နိုင်ငံတကာ အာကာသ စခန်းကနေ ထွက်ခွာ လာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ အာကာသယာဉ်မှူး ၃ ဦးဟာ ပြီးခဲ့တဲ့ လအတွင်းက ပြန်လာဖို့ သတ်မှတ် ထားတာ ဖြစ်ပေမယ့် သူတို့ရဲ့ ထောက်ပံ့ရေး ယာဉ်ပျံက ကမ္ဘာ့လေထုထဲ ဝင်ရောက်စဉ် မီးလောင် ပျက်စီး ခဲ့တဲ့အတွက် ခုလို နှောင့်နှေး ခဲ့ရတာပါ။

အဲဒီလို နှောင့်နှေး ခဲ့ရတာကြောင့် သူတို့ထဲက တစ်ယောက် ဖြစ်တဲ့ အီတလီ နိုင်ငံသူ အာကာသယာဉ်မှူး Samantha Cristoforetti က အမျိုးသမီးတွေထဲမှာ အာကာသ အတွင်း ခရီးတစ်ခေါက်တည်း အကြာဆုံး နေသူ အဖြစ် ကမ္ဘာ့စံချိန် တင်လိုက် နိုင်ပါတယ်။

သူတို့ ၃ ဦး ပြန်လည် လိုက်ပါလာတဲ့ ဆိုယု အာကာသ ယာဉ်ဟာ ကာဇက်စတန် နိုင်ငံမှာ ဆင်းသက်မှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ နိုင်ငံတကာ အာကာသစခန်း ISS ကို ရုရှား အာကာသယာဉ်မှူး Gennady Padalka က ထိန်းချုပ်နေပြီး ဇူလိုင် လမှာတော့ နောက်ထပ် အာကာသ ယာဉ်မှူး ၃ ယောက် ISS ကို ထပ်မံ ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ