ဖီဖာ ဥက္ကဋ္ဌနေရာကို ဘရာဇီးရဲ့ ဇစ်ကို ဝင်ပြိုင်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဖီဖာ ဥက္ကဋ္ဌနေရာ ဝင်ပြိုင်မယ်လို့ ရီယို ဒီဂျနေးရိုးမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဇစ်ကို ပြော။

ဘရာဇီး ဘောလုံး အကျော်အမော်ဟောင်း ဇစ်ကိုက ဖီဖာ ဥက္ကဋ္ဌ ဆပ်ဘလတ္တာရဲ့ နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံဖို့ ရည်ရွယ် ထားတယ်လို့ ပြောလိုက်ပါတယ်။

ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်ဟာ လက်ရှိမှာ အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင် နေရပြီး ဥက္ကဋ္ဌ ဆပ်ဘလတ္တာက သူ့နေရာ ဆက်ခံမယ့်သူ ရွေးပြီးရင် ရာထူးကနေ နှုတ်ထွက်မယ်လို့ ပြောထားပါတယ်။

၆၂ နှစ်အရွယ် ဇစ်ကိုက သူ့ရဲ့ ဘောလုံးလောက အတွေ့အကြုံတွေနဲ့ အသိအမြင်တွေကို အသုံးချပြီး ဖီဖာဥက္ကဋ္ဌ နေရာကို ဝင်အရွေးခံဖို့ ကိစ္စဟာ သူ လုပ်ဆောင်သင့်တဲ့ တာဝန် ဖြစ်တယ်လို့ ခံစားရကြောင်း ပြောပါတယ်။

ဇစ်ကိုဟာ ဂျပန်အသင်းကို နည်းပြ အဖြစ် ကိုင်တွယ် ခဲ့ဖူးသလို ရုရှားက CSKA မော်စကို အသင်းနဲ့ တူရကီက ဖီနာဘာချီ အသင်းတွေကိုလည်း နည်းပြ အဖြစ် ဆောင်ရွက် ခဲ့ဖူးပါတယ်။

ဘောလုံးသမား ဘဝတုန်းကလည်း ဇစ်ကိုဟာ ဘရာဇီး အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲ ၃ ကြိမ် ကန်ခဲ့ဖူးပြီး အဲဒီအချိန်က ဇစ်ကိုကို ဘောလုံး ပရိသတ်တွေက ပီလီအဖြူ လို့ တင်စား ခေါ်ဝေါ် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ