လူငယ် ၄ဦး အပစ်ခံရမှု အစ္စရေး အပြစ်မရှိဟုဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ကလေးငယ်တွေ တိုက်ခိုက် သတ်ဖြတ်ခံရမှုကြောင့် လူအများ ဒေါသထွက်ခဲ့ကြ။

၂၀၁၄ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဂါဇာဒေသ တိုက်ပွဲတွေအတွင်း ပါလက်စတိုင်း လူငယ် ၄ ဦး တိုက်ခိုက် သတ်ဖြတ် ခံရမှုအပေါ် အစ္စရေး စစ်တပ်က စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ သူ့တပ်ဖွဲ့ အနေနဲ့ အမှားအယွင်း မလုပ်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ဆုံးဖြတ် လိုက်ပါတယ်။

၁၀ နှစ်နဲ့ ၁၁ နှစ်အရွယ် ပါလက်စတိုင်း ယောက်ျားလေး ၄ ယောက်ဟာ ကမ်းခြေမှာ ဒုံးကျည် ၂ စင်းနဲ့ ပစ်ခတ် တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပြီး၊ သူတို့ဟာ အစ္စရေး တပ်တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ ဟားမတ်စ် စစ်သွေးကြွတွေလို့ မှားယွင်း ယူဆ ခံရတဲ့အတွက် အစ္စရေး စစ်တပ်က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အဲဒီ စုံစမ်း စစ်ဆေးမှုက ကောက်ချက် ချခဲ့ပါတယ်။

သူတို့ လေးဦး ရှိနေခဲ့တဲ့ ကမ်းခြေဟာလည်း အရပ်သားတွေ နေတဲ့ နေရာ မဟုတ်ဘဲ ဟားမတ်စ် တွေသာ သီးသန့် အသုံးပြုတဲ့ ကမ်းခြေ ဖြစ်တယ်လို့ အဲဒီ စုံစမ်း စစ်ဆေးမှု အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

အဲဒီ ပါလက်စတိုင်း လူငယ် ၄ ယောက် တိုက်ခိုက် သတ်ဖြတ် ခံခဲ့ရမှုကို အဲဒီ အချိန်က လူအများအပြား ဝိုင်းဝန်း ရှုတ်ချ ခဲ့ကြပါတယ်။

ဒီအဖြစ်အပျက်ဟာ ဂါဇာဒေသ ပါလက်စတိုင်း စစ်သွေးကြွတွေနဲ့ အစ္စရေး တို့အကြား ၂၀၁၄ ခုနှစ် ဇူလိုင် လကနေ သြဂုတ်လ အထိ ဖြစ်ပွားခဲ့တဲ့ ရက် ၅၀ ကြာ စစ်ပွဲအတွင်း ပေါ်ပေါက် ခဲ့တာပါ။

အဲဒီ တိုက်ပွဲတွေကြာင့် အရပ်သား အများစု ပါဝင်တဲ့ ပါလက်စတိုင်း ၂ ထောင်ကျော် သေဆုံးပြီး အစ္စရေးဘက်က အရပ်သား ၆ ဦးနဲ့ စစ်သား ၇၀ နီးပါး သေဆုံးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ