အဝတ်မဲ့ ဓာတ်ပုံရိုက်တဲ့ ခရီးသွား ၄ ဦးကို မလေး ထောင်ချ

ဓာတ်ပုံ မူပိုင် Getty
Image caption ကင်နာဘာလူ တောင်ကို မလေးရှားမှာ အထွတ်အမြတ် နေရာအဖြစ် ယူဆကြ။

မလေးရှား နိုင်ငံက တောင်ထိပ် တစ်ခုပေါ်မှာ ဝတ်လစ်စားလစ် ဓာတ်ပုံ ရိုက်ခဲ့ကြတဲ့ နိုင်ငံခြား ခရီးသည် ၄ ဦးကို ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ် ခဲ့ပါတယ်။

သူတို့ကို ထောင်ဒဏ် ၃ ရက်စီ ချမှတ်ခဲ့တာ ဖြစ်ပြီး၊ အဲဒီ ပြစ်ဒဏ်ကို ချုပ်ရက်အတွင်း ကျခံခဲ့ပြီး ဖြစ်တဲ့အတွက် အခုတော့ ဒဏ်ငွေ ဆောင်ပြီးနောက် ပြန်လည် လွတ်မြောက် လာကြပါပြီ။

ဗြိတိန်က တစ်ဦး၊ ကနေဒါက ၂ ဦးနဲ့ ဟော်လန်သား တစ်ဦး တို့ဟာ အများပြည်သူကို စိတ်အနှောက်အယှက် ဖြစ်စေမှုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြပါတယ်။

အဲဒီ ကင်နာဘာလူ တောင်ပေါ်မှာ ငလျင်လှုပ်ခဲ့ တာဟာ သူတို့တွေ အဲဒီလို မဖွယ်မရာ ပြုခဲ့လို့ ဖြစ်တယ် ဆိုပြီး မလေးရှား နိုင်ငံသား အချို့က ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ