TPP သဘောတူမှု ရနိုင်ဖို့ အကြီးအကျယ် နှောင့်နှေး

  • 12 ဇွန် 2015
obama_sotu ဓာတ်ပုံ မူပိုင် REUTERS
Image caption TPP လို့ ခေါ်တဲ့ ပစိဖိတ် ဒေသ တလွှား ပူးပေါင်း ဆောင်ရွက် ရေး သာ အကောင် အထည် ပေါ် လာခဲ့ ရင် ကမ္ဘာ့ အကြီး ဆုံး ကုန်သွယ်ရေး သဘောတူ မှု ကြီး ပေါ်ပေါက် လာမှာ ဖြစ်ပါ တယ်။

ပစိဖိတ် ဒေသ တလွှား က နိုင်ငံတွေ နဲ့ အကြား လွတ်လပ် တဲ့ ကုန်သွယ်ရေး သဘောတူ မှု ရရှိ လာ ဖို့ အမေရိကန် သမ္မတ အိုဘားမား ရဲ့ ကြိုး စား မှု တွေ ဟာ အောက် လွှတ် တော် ရဲ့ ကန့်ကွက် ချက် တွေ ကြောင့် အပြီး သတ် ချုပ် ဆို နိုင် ဖို့ အတော် လေး နှောင့် နှေး သွား ရပြီ ဖြစ် ပါ တယ်။

လွှတ် တော် ရဲ့ ထောက် ခံ မှု ကို ရရှိ ဖို့ လွှတ်တော် ရုံး ရှိ ရာ ကို သမ္မတ အိုဘားမား က ကြုံတောင့် ကြုံခဲ ကိုယ် တိုင် သွားရောက် ခဲ့ ပြီး နာရီ အတန် ကြာ မှာပဲ ဒီ TPP လွတ်လပ် ကုန်သွယ် စီးပွားရေး ဇုံ ဖော်ဆောင် ရေး နဲ့ ပတ်သက်ပြီး ကန့်ကွက် ချက် တွေ ချမှတ် ခဲ့တာ ဖြစ် ပါတယ်။

TPP သဘော တူ မှု ထဲ ပါဝင် တဲ့ ဥပဒေ ပြု ရေး ဆိုင်ရာ အဓိက အချက် တစ်ရပ် အပေါ် မှာ သမ္မတ အိုဘားမား ရဲ့ ဒီမိုကရက်တစ် ပါတီ ဝင် လွှတ်တော် အမတ် တွေ ကိုယ်တိုင် ဆန့်ကျင် ခဲ့ ကြပါတယ်။

တကယ် လို့ TPP လွတ်လပ် ကုန်သွယ် စီးပွားရေး ဇုံ ဖော်ဆောင် နိုင်ခဲ့ ရင် နောက်ဆက် တွဲ ရိုက် ခတ် မှု အနေနဲ့ အလုပ်လက် မဲ့ ဖြစ် လာနိုင် တဲ့ အမေရိကန် တွေ ကို အစိုးရ က အထောက်အပံ့ ပြု ဖို့ နဲ့ ပတ်သက် ပြီး ဒီမိုကရက်တစ် အမတ် တွေ ကိုယ်တိုင် သဘော မတူ ဖြစ်ခဲ့ ကြတာ ပါ။

အဲဒီ့ TPP လို့ ခေါ်တဲ့ ပစိဖိတ် ဒေသ တလွှား ပူးပေါင်း ဆောင်ရွက် ရေး သာ အကောင် အထည် ပေါ် လာခဲ့ ရင် ကမ္ဘာ့ အကြီး ဆုံး ကုန်သွယ်ရေး သဘောတူ မှု ကြီး ပေါ်ပေါက် လာမှာ ဖြစ်ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ