ဆာနားမြို့ဟောင်း ထိခိုက်ရလို့ ယူနက်စ်ကိုက ပြစ်တင်

  • 12 ဇွန် 2015
_yemen_sanaa ဓာတ်ပုံ မူပိုင်
Image caption ဆာနား မြို့တော် ဟောင်း မှာ လူတွေ အခြေချ နေထိုင် ခဲ့တာ နှစ်ပေါင်း နှစ်ထောင့် ငါးရာ ကျော် ရှိ နေပြီ။

ယီမင် နိုင်ငံ မြို့တော် ဆာနား မှာ လေကြောင်း တိုက် ခိုက် မှု ကြောင့် လို့ ယူဆ ရ ပြီး ရှေးဟောင်း အိမ် ယာ တွေ ပျက်စီး ကုန် တဲ့ အဖြစ် အပျက် အပေါ် ကုလသမဂ္ဂ ရဲ့ ယဉ်ကျေး မှု ဆိုင်ရာ အဖွဲ့ အစည်း ယူနက်စကို က ကန့်ကွက် ရှုတ်ချ လိုက် ပါတယ်။

အဲဒီ့ တိုက်ခိုက် မှု အတွင်း လူ ၅ ဦး လည်း သေဆုံး ခဲ့ ရပါတယ်။

လူ့ အသက် တွေ ဆုံးရှုံး ရလို့ စိတ် ထိခိုက် ရ သလိုပဲ၊ အခု ပျက်စီး ကုန် တဲ့ နေရာ ဟာ အစ္စလာမ့် မြို့ပြ ယဉ်ကျေး မှု ရဲ့ အထွဋ် အထိပ် နေရာ တွေ လို့ ပြော နိုင် ကြောင်း ယူနက်စ်ကို ရဲ့ ညွှန်ကြားရေး မှုး ချုပ် အီရီးနား ဘိုကိုဗာ က ပြော ပါတယ်။

ယီမင် နိုင်ငံ ထဲ က ပစ်မှတ် တွေ ကို လေကြောင်း တိုက်ခိုက် မှု တွေ လုပ် ဆောင် နေတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင် တဲ့ မဟာမိတ် တပ် တွေ က တော့ ယီမင် သူပုန် တွေ ရဲ့ လက်နက် ခဲယမ်း တိုက် ပေါက်ကွဲ ခဲ့တာ လို့ ပြောပြီး ဒီ အဖြစ် အပျက် မှာ တာဝန် မရှိ ကြောင်း ငြင်း ဆို ထား ပါတယ်။

ဆာနား မြို့တော် ဟောင်း မှာ လူတွေ အခြေချ နေထိုင် ခဲ့တာ နှစ်ပေါင်း နှစ်ထောင့် ငါးရာ ကျော် ရှိ နေပြီ ဖြစ် ပြီး ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် နေရာ အဖြစ် သတ်မှတ် ထားတာ ဖြစ် ပါတယ်။