အောင်မြင်ကြွယ်၀​မှု​ကို မျှဝေပိုင်ဆိုင်​နိုင်​အောင်​လုပ်​ဖို့ ဟီ​လာ​ရီ​က​လင်​တန် ပြော

  • 13 ဇွန် 2015
hillary_clinton
Image caption ရွေးကောက်ပွဲ ကို ချယ်လှယ် ဖို့ စီးပွားရေး လုပ် ငန်း ကြီး တွေ ဆီ က ငွေ တွေ လျှို့ဝှက် စီးဝင် နေတာ မျိုး တွေ လည်း ရပ်တန့် နိုင် အောင် ကြိုးစား သွားမယ် လို့ မစ္စစ် ကလင်တန် က ပြော။

အမေရိကန် ပြည်ထောင်စု မှာ ဒီမိုကရက်တစ် ပါတီ ကို ကိုယ်စားပြု တဲ့ သမ္မတ လောင်း ဖြစ်ဖို့ ကြိုးစား နေတဲ့ ဟီလာရီ ကလင်တန် ရဲ့ ပထမဆုံး အကြိမ် မဲဆွယ် စည်းရုံး ဟောပြော ပွဲ ကို နယူးယောက် မြို့ မှာ ပါတီဝင် ထောင် ပေါင်း များစွာ နဲ့ စုရုံး ပြုလုပ် ခဲ့ပါတယ်။

Roosevelt ကျွန်း ပန်းခြံ မှာ ပြုလုပ် ခဲ့ တဲ့ အဲဒီ့ လှုပ်ရှား မှု မှာ ဟီလာရီ ကလင်တန် က အမေရိကန် စီးပွားရေး အပေါ် အဓိက အလေးထားပြီး ဟောပြော ခဲ့ ပါတယ်။

ကုံလုံ ကြွယ်ဝ မှု နဲ့ အောင်မြင် မှု အစစ် အမှန် ဆိုတာ ကုမ္ပဏီ အကြီး အကဲ တွေ အတွက် သက်သက် မဟုတ် ပဲ လူ အများ အားလုံး ဝေမျှ ခံစား နိုင်ဖို့ တည်ဆောက် ရ မှာ ဖြစ်တယ် ဆိုပြီး မစ္စစ် ကလင်တန် က ပြောခဲ့ ပါတယ်။

အဲဒီ့ လို လူ အများစု ပါ၀င် စံစား နိုင်တဲ့ လူ့ အဖွဲ့ အစည်း မျိုး တည် ဆောက် ဖို့ ကို ပြိုင်ဘက် ရီပတ်ဘလေကဲန် တွေ က ဆန့်ကျင် နေကြတယ် ဆိုပြီး တော့လည်း မစ္စစ် ကလင်တန် က ဝေဖန် ခဲ့ ပါတယ်။

အမေရိကန် ဒီမိုကရေစီ ကို ပြန်လည် ရှင် သန် အောင် ပြုလုပ် မယ် လို့လည်း ပြော ခဲ့ သလို ရွေးကောက်ပွဲ ကို ချယ်လှယ် ဖို့ စီးပွားရေး လုပ် ငန်း ကြီး တွေ ဆီ က ငွေ တွေ လျှို့ဝှက် စီးဝင် နေတာ မျိုး တွေ လည်း ရပ်တန့် နိုင် အောင် ကြိုးစား သွားမယ် လို့ မစ္စစ် ကလင်တန် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ