သြစတြေလျကို အင်ဒိုဝေဖန်

  • 13 ဇွန် 2015
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒုက္ခသည် တွေနဲ့ပတ်သက်ပြီး သြစတြေလျ ကပြတ်သားတဲ့မူ ချထား

သြစတြေလျ နိုင်ငံမှာ ခိုလှုံဖို့ ဝင်လာတဲ့ ဒုက္ခသည် လှေတစီး ကို သြစတြေလျ ရေတပ်က ငွေပေးပြီး အင်ဒိုနီးရှား နိုင်ငံဖက် ပြန်လွှတ် ခဲ့တယ် ဆိုတဲ့ သတင်း မှန်ခဲ့ရင် ဒါဟာ သြစတြေလျ အနေနဲ့ လူဝင်မှု ကြီးကြပ်ရေး ကို ကိုင်တွယ် ရာမှာ အဆင့်နိမ့်ကျ လာတာ ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံက ဝေဖန်လိုက် ပါတယ်။

ဒါမျိုး အဖြစ်အပျက် ကို ခုပထမဆုံး အကြိမ် ကြားဘူး တာပါလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဌာန ပြောခွင့် ရသူ အာမာနာတာ နာစီယာက ပြောပါတယ်။

လှေစီးပြီး သြစတြေလျ နိုင်ငံမှာ ပြောင်းရွှေ့ နေထိုင်ဖို့ ကြိုးစား သူ ၆၅ ယောက် က သူတို့ စီးလာတဲ့ လှေက လှေသားတွေကို သြစတြေလျ ရေတပ်က ဒေါ်လာငွေ ထောင်နဲ့ချီ ပေးခဲ့တယ်လို့ ကုလသမဂ္ဂကုလ သမဂ္ဂ ဝန်ထမ်းတွေကို ပြောခဲ့ ပါတယ်။

သြစတြေလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က ဒီစွပ်စွဲချက်ကို မငြင်းဆို ခဲ့ပါဘူး။