ဆီးရီးယား ဒုက္ခသည်တချို့ တူရကီထဲ ဝင်ခွင့်ရလာ

  • 14 ဇွန် 2015
syria_refugee
Image caption ထောင်နဲ့ ချီတဲ့ ဒုက္ခသည် တွေ ဟာ တူရကီ နယ်စပ် အနီး အမိုးအကာ မရှိ အိပ် နေကြ ရတာ ၂ ရက် ရှိ နေပြီ။

အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ က သိမ်း ပိုက် ထားတဲ့ ဆီးရီးယား မြို့ တယ်လဘီယာ့ဒ် ကနေ ထွက်ပြေး လာကြတဲ့ ဆီးရီးယား ဒုက္ခ သည် တွေ ထဲ က တချို့ ကို တူရကီ နိုင်ငံ က သူတို့ ပိုင်နက် နယ်မြေ ထဲ ကို စတင် ၀င်ခွင့် ပြု နေပြီ ဖြစ်ပါတယ်။

တယ်လဘီယာ့ဒ် မြို့ မှာ ရှိတဲ့ IS တွေ ကို ကာ့ဒ် မျိုး နွယ်စု လက်နက်ကိုင် တွေ က တိုက် ခိုက် လာ တဲ့ အတွက် မြို့ခံ နဲ့ အနီးနား ဝန်းကျင် ရွာက လူ တွေ ထွက် ပြေး လာခဲ့ ကြတာ ဖြစ် ပါတယ်။

ထောင်နဲ့ ချီတဲ့ ဒုက္ခသည် တွေ ဟာ တူရကီ နယ်စပ် အနီး အမိုးအကာ မရှိ အိပ် နေကြ ရတာ ၂ ရက် ရှိ နေပြီ ဖြစ် ပါတယ်။

အမေရိကန် ဦးဆောင် တဲ့ မဟာမိတ် အဖွဲ့ ရဲ့ လေကြောင်း ပစ်ကူ နဲ့ တယ်လဘီယာ့ဒ် ကို တိုက်ခိုက် လာတဲ့ ကာ့ဒ် တပ်ဖွဲ့ တွေ က တော့ အခုဆို မြို့ ဝင် ပေါက် တွေ အထိ ရောက် နေ နိုင် ကြပြီ လို့ ဆိုပါတယ်။

တယ်လဘီယာ့ဒ် ကိုသာ သိမ်းနိုင် ခဲ့ရင် ဆီးရီးယား ထဲ က IS ခြေကုပ် မြို့ ဖြစ်တဲ့ ရက်ခါ ဆီ ဦးတည် ပြီး နယ်စပ် ဖြတ်ကျော် ဝင် ရောက် နေတဲ့ IS တွေ အတွက် အထောက်အပံ့ ပစ္စည်း တွေ ကို ကြားဖြတ် ဟန့်တား နိုင်မယ် လို့ ကာ့ဒ် တပ်ဖွဲ့ တွေ က မျှော်လင့် ထားကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ