ဗုံးခွဲ တိုက်ခိုက်မယ့် လူ ၉ ဦးကို ဟောင်ကောင် ဖမ်းဆီး

ဓာတ်ပုံ မူပိုင် Reuters
Image caption စီးနင်း ရှာဖွေရာမှာ ဖမ်းမိခဲ့တဲ့ ပစ္စည်း တချို့ကို ဟောင်ကောင် ရဲတပ်ဖွဲ့က ပြသခဲ့။

ဟောင်ကောင်မှာ ဗုံးဖောက်ခွဲဖို့ အစီအစဉ် ရှိတယ် ဆိုတဲ့ သံသယနဲ့ လူ ၉ ဦးကို ဖမ်းဆီးလိုက်ပြီး ဖောက်ခွဲရေး ကိရိယာတွေ ပြုလုပ်ရာမှာ သုံးတဲ့ ပစ္စည်းတွေကိုလည်း သိမ်းဆည်း မိလိုက်တယ်လို့ ရဲတွေက ပြောပါတယ်။

အခု သီတင်းပတ် အတွင်း ဥပဒေပြု ကောင်စီမှာ ပြုလုပ်ဖို့ ရှိတဲ့ အငြင်းပွားဖွယ်ရာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ မဲခွဲ ဆုံးဖြတ်မှု မတိုင်ခင်မှာ ရဲတပ်ဖွဲ့က စီးနင်း ရှာဖွေ ဖမ်းဆီး ခဲ့တာပါ။

အခု ဖမ်းဆီးမှုဟာ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့် ဥပဒေပြု ကောင်စီ မဲခွဲမှုနဲ့ တိုက်ရိုက် ပတ်သက်တယ် လို့တော့ ရဲတွေက ပြောဆိုခြင်း မရှိပေမယ့် ဖမ်းမိသူတွေ ထဲက တစ်ယောက်ဟာ ဒီမိုကရေစီ လိုလားသူ အဖွဲ့ထဲက ပြင်းထန်တဲ့ သဘောထားရှိသူ တစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ကတော့ ဟောင်ကောင် အကြီးအကဲ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တရုတ် အစိုးရရဲ့ အစီအစဉ်ကို ထောင်နဲ့ချီတဲ့ ဟောင်ကောင်သားတွေ ဆန့်ကျင် ချီတက် ဆန္ဒပြ ခဲ့ကြပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ