နီပေါ သမိုင်းဝင် နေရာတွေ ပြန်ဖွင့်ဖို့ အသင့်ဖြစ်

ဓာတ်ပုံ မူပိုင် AP
Image caption ငလျင်ဒဏ်ကြောင့် သမိုင်းဝင် အဆောက်အဦ အများအပြား ပျက်စီးခဲ့။

နီပေါနိုင်ငံမှာ ထိခိုက် ပျက်စီးမှု ကြီးမားတဲ့ ငလျင်ကြီး နှစ်ကြိမ် လှုပ်ခတ် ခဲ့ပြီးနောက် နီပေါရဲ့ ထင်ရှားတဲ့ အဆောက်အဦတွေ ဆီကို ပြည်ပ ခရီးသွားတွေ လာရောက်ကြဖို့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဆိုင်ရာ အရာရှိတွေက မတ္တာ ရပ်ခံမှုတွေ ပြုလုပ်နေပါတယ်။

ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့ ယူနက်စကိုက သတ်မှတ်ထားတဲ့ သမိုင်းဝင် အဆောက်အဦ စာရင်းဝင် ၆ နေရာကို ဘေးကင်းအောင် ပြန်လည် ပြုပြင် ဆောက်လုပ်မှုတွေ လုပ်ဆောင်ပြီး ဖြစ်တဲ့ အတွက် လုပ်ငန်းတွေ ပြန်စနေပြီလို့ ခတ္တမန္ဒူ တောင်ကြားမှာ ကျင်းပတဲ့ အရောင်အသွေး စုံလင်တဲ့ အခမ်းအနားမှာ နီပေါ အရာရှိတွေက ပြောပါတယ်။

နီပေါမှာ ငလျင်ကြီး နှစ်ကြိမ် လှုပ်ခဲ့တဲ့ အတွက် လူပေါင်း ၉ ထောင် နီးပါး သေဆုံး ခဲ့ရတဲ့ အပြင် သမိုင်းဝင် ဟိန္ဒူ ဘုရားကျောင်း အတော်များများ အပါအဝင် အဆောက်အဦ ရာပေါင်း များစွာ ပျက်စီးခဲ့ပါတယ်။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဟာ နီပေါ စီးပွားရေးမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခု အဖြစ် ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ