ဆီးရီးယားနယ်စပ်က အရေးပါတဲ့မြို့ကိုသိမ်း

  • 15 ဇွန် 2015
Tel Abyad
Image caption တူရကီ ဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ

ဆီးရီးယား နယ်စပ်က မဟာဗျူဟာ အရ အရေးပါတဲ့ တယ်လာဘီယက် မြို့ကို ဆီးရီးယား မြောက်ပိုင်း က ကာ့ဒ် တပ်တွေက I-S စစ်သွေးကြွတွေ လက်ကနေ လုံးဝ ထိန်းချုပ် နိုင်ခဲ့ပြီ လို့ ကြေညာ ခဲ့ပါတယ်။

ကာ့ဒ် တပ်မှူး တယောက် ဖြစ်တဲ့ ဒေါက်တာ Huseyin Kocher က သူတို့ ဒီမြို့ ကို အဘက်ဘက်က ဝန်းရံတိုက်ခိုက်ခဲ့ပြီးနောက် I-S တွေ အကျအဆုံး များစွာ နဲ့ ဆုတ်ခွာ ထွက်ပြေး သွားပြီလို့ ဘီဘီစီကို ပြောပါတယ်။

ဒီ I-S တွေက မြေမြှုပ်မိုင်းတွေ၊ နင်းမိုင်းတွေ ဆင်သွားခဲ့ပေမယ့် အိမ်ထဲမှာ နေတဲ့ အရပ်သားတွေ အတွက် စိုးရိမ် စရာ မရှိဘူး လို့လည်း သူက ဆိုပါတယ်။

ဆီးရီးယား လွတ်မြောက်ရေး တပ်မတော်က တပ်သား တွေလည်း ဒီတိုက်ခိုက်မှုမှာ ပါဝင် ခဲ့ပါတယ်။

ဒီ မြို့ဟာ တူရကီ နယ်စပ် ကနေပြီး I-S တွေ ထိန်းချုပ်ထားတဲ့ အာရပ်ကာ မြို့ထိ ဆက်သွယ်ထားတဲ့ လမ်းမကြီး ပေါ်မှာ တည်ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ