အငြင်းပွား ကျွန်းတွေပေါ် မြေပြုပြင်မှု တရုတ် အပြီးသတ်မယ်

ဓာတ်ပုံ မူပိုင် AP
Image caption တရုတ်က မြေဖို့ တည်ဆောက်မှုတွေကို ဆန့်ကျင်မှုတွေ ကြားက ပြုလုပ်နေခဲ့။

တောင်တရုတ် ပင်လယ် အတွင်းက အငြင်းပွား ကျွန်းစုတွေပေါ်မှာ လုပ်ဆောင်နေတဲ့ မြေပြုပြင်တဲ့ လုပ်ငန်းတွေဟာ မကြာမီ ရက်ပိုင်းအတွင်း ပြီးမြောက်တော့မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။

အဲဒီ စပရတ်လေ ကျွန်းစုတွေကို ပိုင်ဆိုင်ကြောင်း အငြင်းပွားနေတဲ့ ဒေသတွင်း တခြား နိုင်ငံတွေနဲ့ အမေရိကန်တို့က တရုတ်ရဲ့ အဲဒီ လုပ်ဆောင်ချက်တွေကို ဆန့်ကျင် ဝေဖန် နေခဲ့ကြတာပါ။

စပရတ်လေ ကျွန်းစုတွေကို ပိုင်ဆိုင်ကြောင်း အငြင်းပွားတဲ့ နိုင်ငံတွေထဲမှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် တို့လည်း အပါအဝင် ဖြစ်ပါတယ်။

တရုတ်ကတော့ အခု တည်ဆောက်မယ့် အစီအစဉ်တွေဟာ ဒေသတွင်း ရေကြောင်း သုတေသန လုပ်ငန်းနဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အများကတော့ တရုတ်ဟာ အဲဒီ ကျွန်းစုတွေကို သူတို့ ပိုင်ဆိုင်ကြောင်း ပြောဆိုရာမှာ အထောက်အပံ့ ဖြစ်စေဖို့ စစ်ဖက် အဆောက်အအုံတွေ ဆောက်လုပ်နေတာ ဖြစ်နိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ