ခိုလှုံခွင့် တောင်းခံသူ တွေအရေး အီးယူမှာ ညှိဆဲ

  • 16 ဇွန် 2015
migrant eu ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည် တွေကို ခွဲတမ်းနဲ့ လက်မခံလိုကြ

ဂရိနဲ့ အီတလီမှာ ရောက်ရှိ နေတဲ့ ထောင်နဲ့ ချီတဲ့ ခိုလှုံခွင့် တောင်းခံသူ တွေနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ် ဆောင်ရွက် ရမယ် ဆိုတာ ဥရောပ အစိုးရ တွေကြား သဘော တူညီမှု မရ နိုင်ဘဲ ဖြစ်နေကြ ပါတယ်။

အီးယူ အဖွဲ့ဝင် နိုင်ငံတွေ ကြား ဒီရွှေ့ပြောင်း နေထိုင်သူတွေ အရေး ကိစ္စ တာဝန် ခွဲယူကြဖို့ ဒီ ၂ နိုင်ငံ က လိုလား ကြပါတယ်။

ဒါပေမဲ့ ပိုလန်နဲ့ ဟန်ဂေရီလို အရှေ့ ဥရောပ နိုင်ငံ အစိုးရ တွေက ဒီလို ဒုက္ခသည် တွေကို အတင်းအကျပ် ခွဲတမ်းနဲ့ လက်ခံဖို့ ကိစ္စကို ဆန့်ကျင် ကြပါတယ်။

ပြင်သစ် နဲ့ ဂျာမနီ ကတော့ ဒီလို စီးပွားရေး အတွက် ရွှေ့ပြောင်း ဝင်လာကြသူ တွေလို့ ယူဆ ရသူတွေ ကို သူတို့ နေရပ်ရင်း နိုင်ငံ တွေကို ပြန်ပို့ဖို့ ဆန္ဒရှိ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ