မော်စီရဲ့ သေဒဏ်ကို အီဂျစ် တရားရုံး အတည်ပြု

ဓာတ်ပုံ မူပိုင် AP
Image caption သေဒဏ် ချမှတ် မခံရမီ ထောင်ဒဏ် တစ်သက် ချမှတ် ခံထားရတဲ့ အီဂျစ် သမ္မတဟောင်း မော်စီ။

အီဂျစ် နိုင်ငံမှာ ၂၀၁၁ ခုနှစ်က သမ္မတဟောင်း ဟော့စနီ မူဘာရက်ကို ဖြတ်ချခဲ့စဉ် လူထုအုံကြွမှု အတွင်း ထောင်ဖောက်မှု တွေနဲ့ ရဲတွေကို တိုက်ခိုက် ခဲ့မှုတွေ အတွက် သမ္မတဟောင်း မိုဟာမက် မော်စီ အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို အီဂျစ် တရားရုံးက အတည်ပြု လိုက်ပါတယ်။

အီဂျစ် အစိုးရက ခန့်အပ်တဲ့ အစ္စလာမ္မစ် ဥပဒေ ဆိုင်ရာ ကျွမ်းကျင်သူ ဓမ္မသတ် မှူးချုပ်နဲ့ ဆွေးနွေး အပြီးမှာ တရားရုံးက အခုလို ဆုံးဖြတ်လိုက်တာပါ။

မွတ်ဆလင် ညီနောင်များ အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင် ၅ ဦး အပေါ် ချမှတ်ထားတဲ့ သေဒဏ် ပြစ်ဒဏ်တွေကိုလည်း တရားရုံးက အတည်ပြု ခဲ့ပါတယ်။

မစ္စတာ မော်စီရဲ့ ရှေ့နေကတော့ ပြစ်ဒဏ်ကို အယူခံ ဝင်သွားမယ်လို့ ပြောပါတယ်။

မစ္စတာ မော်စီဟာ အစောပိုင်းကလည်း သူလျှို လုပ်မှုတွေနဲ့ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ် ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ