ဂရိဘဏ္ဍာရေးပြဿနာ အဖြေရှာတွေ့ဖို့ မျှော်လင့်ချက်နည်း

  • 17 ဇွန် 2015
_greece ဓာတ်ပုံ မူပိုင် Getty
Image caption ယူရို ငွေကြေး အဖွဲ့ဝင် နိုင်ငံ တွေ ရဲ့ ဘဏ္ဍာရေး ဝန်ကြီး တွေ ဟာ လာ့စ်ဇင်းဘတ်ဂ် နိုင်ငံ မှာ တွေ့ဆုံမယ်။

ဂရိ နိုင်ငံ အနေ နဲ့ နိုင်ငံတကာ ကြွေးမြီ တွေ ကို ပြန်လည် ပေးဆပ် ဖို့ သဘော တူထား တဲ့ နောက်ဆုံးရက် ဟာ ၁၄ ရက် မျှသာ လို တော့တဲ့ အချိန် မှာ ဂရိ အစိုး ရ နဲ့ မြီရှင် တွေ ကြား ဂရိ ဘဏ္ဍာရေး အကြပ် အတည်း ကို ဖြေ ရှင်း နိုင်ရေး သဘော တူ မှု အသစ် တစ်ရပ် ထွက် ပေါ် လာဖို့ မျှော်လင့် ချက် တွေ နည်း ပါး လာ နေပါတယ်။

ဂရိ ဘဏ် တွေ ပျက် မသွားအောင် နိုင်ငံတကာ မြီရှင် တွေ က ကယ်တယ် ထား ရတဲ့ အစီအစဉ် ဟာ ကြောက်မက် ဖွယ် ရလာဒ် တွေ နဲ့ အဆုံးသတ် ရတော့ မယ့် အဲဒီ့ အရေး ကို ဆွေးနွေး ကြဖို့ ဇွန်လ ၁၈ ရက် နေ့ မှာ ယူရို ငွေကြေး အဖွဲ့ဝင် နိုင်ငံ တွေ ရဲ့ ဘဏ္ဍာရေး ဝန်ကြီး တွေ ဟာ လာ့စ်ဇင်းဘတ်ဂ် နိုင်ငံ မှာ တွေ့ဆုံ ကြ မှာ ဖြစ် ပါတယ်။

တကယ်လို့ သဘောတူ မှု အသစ် တစ်ရပ် ထွက် မလာ နိုင် ဘူး ဆိုရင် ဂရိ ဟာ ယူရို ငွေကြေး စျေးကွက် ထဲ က သာမက ဥရောပ သမဂ္ဂ ထဲ ကနေ ပါ ထွက် သွား ဖို့ ဖြစ်လာ နိုင် တယ် လို့ ဂရိ ဘက် က ပြော ထား ပါတယ်။

ဒါပေမယ့် လည်း အဲဒီလို သဘောတူ မှု အသစ် ရလာ ဖို့ ကလည်း အခွင့် အလမ်း အင်မတန် နည်း ပါးတယ် ဆိုပြီး ယူရို ငွေကြေး အဖွဲ့ အကြီးအကဲ ယရူန်း ဒိုင်ဆဲလ်ဘလူးမ် က ပြော ပါတယ်။

သဘောတူ မှု အသစ် တကယ်တမ်း ရနိုင်ဖို့ ဂရိ ရဲ့ ဆွေးနွေး ဘက် တွေ အနေနဲ့ ဘယ်လို အခြေခံ ပြင်ဆက် မှု မျိုး မှ မချ မှတ် ခဲ့ ဘူး ဆိုပြီး ဂရိ ဘဏ္ဍာရေး ဝန်ကြီး ယားနစ် ဗာရူဖားကစ် ကလည်း စွပ်စွဲ ပြစ်တင် နေပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ