ယီမင်မြို့တော်မှာ ဗုံးတွေ ဆက်တိုက်ကွဲ

  • 17 ဇွန် 2015
yemen_sanna
Image caption ပြည်ပ ရောက် ယီမင် အစိုးရ နဲ့ ဟူသီ သူပုန် တွေ ဟာ ကုလသမဂ္ဂ အရာရှိ တွေ နဲ့ အတူ ဂျနီဗာ မှာ ငြိမ်းချမ်းရေး အတွက် စကားပြောပွဲ တွေ ပြုလုပ် နေချိန် မှာပဲ ဗုံးခွဲ တိုက်ခိုက် မှု တွေ ဖြစ် ပေါ် လာတာ ပါ။

ယီမင် နိုင်ငံ မြို့တော် ဆားနား မှာ ဗုံး ပေါက်ကွဲ မှု တွေ ဆက်တိုက် ဖြစ် ပေါ် ခဲ့ ပြီး အနည်းဆုံး လူ ၃၁ ဦး သေဆုံး သွား ပါတယ်။

မွတ်ဆလင်မ် တို့ ရဲ့ ဥပုသ်လ Ramadan ကျရောက် မယ့် အကြို ညနေခင်း ဘုရားဝတ် ပြုနေ တဲ့ ရှီအာ မွတ်ဆလင်မ် ပလီ တွေ အပါအဝင် ရှီအာ သူပုန် ဟူသီ တွေ ရဲ့ ရုံးခန်း တွေ ကိုပါ ပစ်မှတ် ပြီး တိုက်ခိုက် ခဲ့တာ ဖြစ် ပါတယ်။

အဲဒီ့ တိုက်ခိုက် မှု တွေ ကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ က သူတို့ လုပ် ဆောင် ခဲ့တာ ဆိုပြီး ပြောပါတယ်။

ပြည်ပ ရောက် ယီမင် အစိုးရ နဲ့ ဟူသီ သူပုန် တွေ ဟာ ကုလသမဂ္ဂ အရာရှိ တွေ နဲ့ အတူ ဂျနီဗာ မှာ ငြိမ်းချမ်းရေး အတွက် စကားပြောပွဲ တွေ ပြုလုပ် နေချိန် မှာပဲ အခုလို ဗုံးခွဲ တိုက်ခိုက် မှု တွေ ဖြစ် ပေါ် လာတာ ပါ။

အပစ်ရပ် သဘောတူ မှု တစ်ရပ် ထွက် ပေါ် လာဖို့ ဂျနီဗာ ဆွေးနွေးပွဲ တွေ မှာ တိုးတက် မှု အနည်းငယ် ရှိလာတယ် လို့ သတင်း တွေ ထွက် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ