ချားလ်စ်တန် ပစ်ခတ်သူကို လူသတ်မှု ၉ မှုနဲ့ စွဲချက်တင်

ဓာတ်ပုံ မူပိုင် AFP
Image caption သေဆုံးသူတွေအတွက် အမေရိကန် အနှံ့ ဆုတောင်းပွဲတွေ ပြုလုပ်။

တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ်၊ ချားစ်လ်တန် မြို့က အမေရိကန် လူမည်းတွေရဲ့ ဘုရားကျောင်းအတွင်း ပစ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူကို လူသတ်မှု ၉ မှု၊ လက်နက် ပိုင်ဆိုင်မှုတွေနဲ့ စွဲချက်တင် လိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ ၂၁ နှစ်အရွယ် Dylann Roof ဆိုသူကို ဒီကနေ့ သောကြာနေ့မှာ စတင် ရုံးထုတ်မှာ ဖြစ်ပါတယ်။

သူ့ကို ကြာသပတေးနေ့က မြောက် ကာရိုလိုင်းနား ပြည်နယ်အတွင်း မိုင် ၂၀၀ လောက် ဝေးတဲ့ နေရာမှာ ဖမ်းမိခဲ့ပြီးနောက် တောင် ကာရိုလိုင်းနား ပြည်နယ်ကို ပြန်ခေါ် လာခဲ့တာပါ။

ဗုဒ္ဓဟူးနေ့ ညပိုင်းက ဖြစ်ခဲ့တဲ့ လူမည်းတွေရဲ့ ဧမာနွေလ ဘုရားကျောင်းအတွင်း ပစ်ခတ်ခဲ့မှုကို လူမျိုးရေး မုန်းတီးမှု အဖြစ် ရဲတပ်ဖွဲ့က ကိုင်တွယ် နေပါတယ်။

သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၃ ဦးအတွက် အမှတ်ရ ဆုတောင်းပွဲတွေကို အမေရိကန် နိုင်ငံ တဝန်းနဲ့ ချားလ်စ်တန် မြိုက ဘုရားကျောင်းတွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ