ချားလ်စ်​တန်​ဖြစ်​ရပ် သေ​ဆုံး​သူ​တွေ​ရဲ့ မိဘ​ဆွေ​မျိုး​တွေ​က ခွင့်​လွှင့်​တယ်​ပြော

  • 20 ဇွန် 2015
_charleston_arrest ဓာတ်ပုံ မူပိုင်
Image caption လူဖြူ လူမျိုးကြီး ဝါဒ အပေါ် နှစ်လို သူ တစ်ယောက် အဖြစ် သူ့ရဲ့ အင်တာနက် လူမှု ကွန်ရက် စာမျက် နှာ တွေ မှာ ဖော် ပြခဲ့ သူ တစ်ဦး ဖြစ် ပါတယ်။

အမေရိကန် ပြည်ထောင်စု တောင် ကာရိုလိုင်းနား ပြည်နယ် မှာ ဖြစ် ပေါ် ခဲ့တဲ့ ခရစ်ယာန် ဘုရားရှိခိုး ကျောင်း တစ်ခု ထဲ အာဖရိက နွယ်ဖွား အမေရိကန် ၉ ဦး အသတ် ခံခဲ့ ရမှု နဲ့ ပတ်သက် ပြီး အခင်း ဖြစ် ခဲ့ရာ ချားလ်စ်တန် မြို့ တရား ရုံး မှာ ဒီလန် ရော့ဖ် အမည် ရှိ တဲ့ အသက် ၂၁ နှစ် အရွယ် လူဖြူ လူငယ် ကို တရားစွဲ လိုက် ပြီ ဖြစ်ပါတယ်။

ဒီလန် ရော့ဖ် ဟာ ရုံးတော် ရှေ့မှောက် ကို ဗီဒီယို ကနေ တဆင့် တက်ရောက် ခဲ့ ပါတယ်။

သေဆုံး ခဲ့ ကြသူ တွေ ရဲ့ မိဘ ဆွေ မျိုး တွေ လည်း တရား ရုံး မှာ ရှိ နေခဲ့ ကြပြီး သူတို့ ရဲ့ ဝမ်းနည်းဖွယ် ထုတ်ပြန် ချက် ထဲ မှာ ဒီလန် ရော့ဖ် အပေါ် ခွင့် လွှတ် ပါတယ် ဆိုပြီး ပါဝင် ပါတယ်။

သေဆုံး ခဲ့သူ တစ်ဦး ရဲ့ မိခင် က ဆိုရင် ဒီလန် ရော့ဖ် ရဲ့ စိတ် ဝိညာဉ် အပေါ် ဘုရားသခင် ရဲ့ အကြင်နာ တရား သက်ရောက် ပါစေ ဆိုပြီး ဆုတောင်း ပေး ခဲ့ ပါတယ်။

ဒီလန် ရော့ဖ် ဟာ ဗီဒီယို ထဲ ကနေ တဆင့် ရုံးတော် ရှေ့ မှောက် မှာ သူ့ရဲ့ နာမည်၊ အသက် ၊ နေရပ် လိပ်စာ ၊ အလုပ်လက် မဲ့ ဖြစ်ကြောင်း စတဲ့ အချက် အလက် တွေ ကို အတည် ပြု ပြောခဲ့ ပြီး ဘယ်လို စိတ်ခံစား မှု တစုံတရာ ကို မှ မပြသ ခဲ့ ပါဘူး။

ရုံတော် မှာ အမှု ကို ကြားနာ နေတဲ့ ကာလ တွေ မှာ ဒီလန် ရော့ဖ် ကို ဆက်လက် ထိန်းသိမ်း ဖမ်းဆီး ထား မှာ ဖြစ်ပါတယ်။

သူဟာ လူဖြူ လူမျိုးကြီး ဝါဒ အပေါ် နှစ်လို သူ တစ်ယောက် အဖြစ် သူ့ရဲ့ အင်တာနက် လူမှု ကွန်ရက် စာမျက် နှာ တွေ မှာ ဖော် ပြခဲ့ သူ တစ်ဦး ဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ