ဂရိဘဏ်တွေရဲ့ တောင့်ခံနိုင်မှုကို စိုးရိမ်မှု ကြီးထွားလာ

  • 19 ဇွန် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အီးယူ အဖွဲ့ထဲမှာ ဆက်နေရဖို့ ဂရိ ပါလီမန်ရှေ့မှာ ပြည်သူတွေ ဆန္ဒပြကြ။

ဂရိ နိုင်ငံမှာ ဘဏ်စာရင်း ပိုင်ရှင်တွေက ယူရိုငွေ ဘီလျံနဲ့ ချီတဲ့ ဘဏ်စုငွေတွေကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ထုတ်ယူခဲ့ကြတဲ့ အတွက် ဂရိဘဏ်တွေရဲ့ တောင့်ခံနိုင်မှု အပေါ် စိုးရိမ်မှုတွေ ကြီးထွား လာနေပါတယ်။

ဂရိ ကြွေးမြီ ပြဿနာကို အခုလကုန် မတိုင်မီ မဖြေရှင်း နိုင်ခဲ့ရင် သူတို့ရဲ့ ဘဏ်စုငွေတွေကို ယူရိုငွေကြေး ကနေ ဂရိငွေကြေး အဖြစ် ပြောင်းလဲ ခံရမှာကို စိုးရိမ်တဲ့ အတွက် ဘဏ်စာရင်း ပိုင်ရှင်တွေက စုငွေတွေ ထုတ်ယူ ပြောင်းရွှေ့ကြတာ ဖြစ်ပါတယ်။

ဂရိ ဘဏ်တွေကို ထပ်မံ ကျားကန်ပေးဖို့ အတွက် ဥရောပ ဗဟိုဘဏ်က အရေးပေါ် ဆွေးနွေးမယ်လို့ ယူဆ ရပါတယ်။

ဂရိ အစိုးရနဲ့ သူ့ရဲ့ မြီရှင်တွေ အကြား ညှိနှိုင်းမှုတွေဟာ နောက်ဆုံးရက် နီးလာတဲ့အထိ သဘောတူညီချက် မရသေးတဲ့အတွက် ဘဏ်စုငွေ ထုတ်ယူတဲ့ နှုန်းက များသည်ထက် များလာနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ