အိန္ဒိယမှာ အဆိပ်သင့်တဲ့ အရက်ကြောင့် ၄၁ ဦး သေဆုံး

  • 19 ဇွန် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အိန္ဒိယမှာ စျေးပေါတဲ့ အရက်တွေကို သောက်လေ့ရှိကြ။

အိန္ဒိယ နိုင်ငံ၊ ဘုံဘေ မြို့မှာ အဆိပ်သင့်တဲ့ အရက်ကို သောက်မိလို့ အနည်းဆုံး လူ ၄၁ ဦး သေဆုံး ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

မြို့ရဲ့ ပျံကျ ရပ်ကွက် တစ်ခုဒမှာ နေထိုင်သူတွေ ဗုဒ္ဓဟူးနေ့ မနက်က အရက်သောက်ပြီးနောက် စတင် အဆိပ်သင့်ခဲ့ကြတာ ဖြစ်ပြီး၊ လူ ၂၀ ကျော်ကိုလည်း ဆေးရုံ တင်ထားရဆဲ ဖြစ်လို့ သေဆုံးသူ အရေအတွက် ထပ်မံ တိုးလာဖွယ် ရှိနေပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး လူတစ်ဦးကို ဖမ်းဆီး ထားတယ်လို့ ဆိုပါတယ်။

အိန္ဒိယမှာ စျေးပေါတဲ့ အရက်တွေကို သောက်လေ့ ရှိတဲ့အတွက် အရက် အဆိပ်သင့်ပြီး သေဆုံးမှုတွေ မကြာခဏ ဖြစ်လေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လကလည်း အူတာ ပရာဒက်ရှ် ပြည်နယ်မှာ အဆိပ်သင့်တဲ့ အရက်ကို သောက်မိလို့ လူ ၂၉ ဦး သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ