မာလီမှာ လူမျိုးစုသူပုန်နဲ့ အစိုးရအကြား ငြိမ်းချမ်းရေးယူ

mali_rebels ဓာတ်ပုံ မူပိုင်
Image caption တွားရက် သူပုန် တွေ ကို သူတို့ရဲ့ လူမျိုးစု နယ်မြေ မှာ ကိုယ်ပိုင် အုပ်ချုပ် နိုင်ခွင့် ပိုမို ပေး။

မာလီ နိုင်ငံ မှာ ဆယ်စု နှစ်ပေါင်း များစွာ ပြည်တွင်းစစ် ဖြစ်နေ ခဲ့တဲ့ အစိုးရ နဲ့ တွားရက်ဂ် လူမျိုးစု သူပုန် တွေ အကြား ငြိမ်းချမ်းရေး စာချုပ် လက်မှတ် ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။

ဒီ လက်မှတ် ရေးထိုးပွဲ အခမ်းအနား မှာ တွားရက်ဂ် သူပုန် ခေါင်းဆောင်က မာလီ သမ္မတ ကို ပွေ့ဖက် နှုတ်ဆက် တာကို လည်း စိတ်နှလုံး လှုပ်ရှားရ စဖွယ် တွေ့မြင် ခဲ့ရ ပါတယ်။

အစိုး ရ အနေနဲ့ တွားရက် သူပုန် တွေ ကို သူတို့ရဲ့ လူမျိုးစု နယ်မြေ မှာ ကိုယ်ပိုင် အုပ်ချုပ် နိုင်ခွင့် ပိုမို ပေးခဲ့ ပြီး သူပုန် ခေါင်းဆောင် တွေ အပေါ် ထုတ်ပြန် ထားတဲ့ ဖမ်းဝရမ်း တွေ ကိုလည်း ရုတ်သိမ်း ခဲ့ ပါတယ်။

မာလီ နိုင်ငံ ထဲ မှာ ဒီ့ပြင် ကြုံတွေ နေရတဲ့ ပြဿနာ တွေ ဖြစ်တဲ့ ဂျီဟာ့ဒ်ဝါဒီ တွေ ထကြွ နေမှု ကို နိုင်ငံတကာ တပ်ဖွဲ့ တွေ အနေနဲ့ ကိုင်တွယ် ထိန်းသိမ်း နိုင်အောင် ကြိုးစား နေရ ဆဲ ဖြစ်ပြီး နိုင်ငံမြောက်ပိုင်း မှာလည်း တခြား လက်နက်ကိုင် အုပ်စု တွေ လှုပ်ရှား နေကြ ဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ