ချားလ်စ်​တန် ဧ​မာ​နွေ​လ​ဘုရား​ကျောင်း​မှာ အောက်မေ့​ဖွယ် အခမ်း​အနားကျင်းပ

charleston_ceremony_south_carolina_ ဓာတ်ပုံ မူပိုင် Getty
Image caption ပတ်ဝန်းကျင် ရပ်ကွက် တွေ ထဲ က သူ တွေ ဘုရားကျောင်း အပြင် မှာ စုရုံး ခဲ့ ကြပြီး ဝမ်းနည်းဖွယ် အခမ်းအနား မှာ ပါဝင် ခဲ့။

အာဖရိကန် နွယ်ဖွား အမေရိကန် ၉ ဦး သေနတ် နဲ့ ပစ်သတ် ခံခဲ့ရ တဲ့ အမေရိကန် ပြည်ထောင်စု ချားလ်စ်တန် မြို့ က ဧမာနွေလ မက်သဒစ် ခရစ်ယာန် ဘုရားကျောင်း Emanuel Methodist Church မှာ သေဆုံးသူ တွေ အတွက် အောက်မေ့ ဖွယ် အခမ်းအနား ပြုလုပ် ခဲ့ ပါတယ်။

ပတ်ဝန်းကျင် ရပ်ကွက် တွေ ထဲ က သူ တွေ ဘုရားကျောင်း အပြင် မှာ စုရုံး ခဲ့ ကြပြီး ဝမ်းနည်းဖွယ် အခမ်းအနား မှာ ပါဝင် ခဲ့ ကြပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ တိုက်ခိုက် မှု အပြီး ဒီ ဘုရား ကျောင်း မှာ ပထမ ဆုံး ပြုလုပ် လာခဲ့ တဲ့ ဝတ်ပြု ဆုတောင်းပွဲ လည်း ဖြစ်ပါတယ်။

သေဆုံး ခဲ့သူတစ် ဦး ဖြစ်တဲ့ ခရစ်ယာန် တရားဟော ဆရာ Clementa Pinckney ရဲ့ ထိုင်နေကျ ခုံနေရာ မှာ အနက်ရောင် အဝတ်စ လွှားထား ပါတယ်။

ဗုဒ္ဓဟူး နေ့ က မကောင်းဆိုးရွား ဘုရားကျောင်း ထဲ ရောက်လာ ခဲ့ ပေမယ့် ဘယ်လို ထိန်းချုပ် အောင်နိုင်မှု မျိုးမှ ရ မသွားခဲ့ ပါဘူး ဆိုပြီး ဘုရားကျောင်း ရဲ့ ဦးဆောင် ဓမ္မဆရာ က ဟောပြော ခဲ့ပါတယ်။

Emanuel Methodist Church နဲ့ တသွေးတသား ထဲ ရှိ ကြောင်း ပြသတဲ့ အနေ နဲ့ တခြား ဘုရားကျောင်း တစ်ဒါဇင် ကျော် ကလည်း ခေါင်းလောင်း တွေ ကို တပြိုင်တည်း လိုက် ပါ ထိုးခတ် ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ