အာဖဂန် ပါလီမန်ကို တာလီဘန်တွေ တိုက်ခိုက်

  • 22 ဇွန် 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption လွှတ်တော် အမတ်တွေကို ဘေးလွတ်ရာ ခေါ်ထုတ်ခဲ့ကြ။

အာဖဂန် နစ္စတန် နိုင်ငံ၊ ကာဘူးလ် မြို့မှာ ပါလီမန် အဆောက်အအုံကို တာလီဘန်တို့ တိုက်ခိုက်မှု တစ်ရပ် ဖြစ်ခဲ့ရာမှာ တိုက်ခိုက်သူ သေနတ်သမား ၆ ဦးစလုံး သေဆုံးသွားတယ်လို့ အာဖဂန် ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

အရပ်သား တွေဖြစ်တဲ့ အမျိုးသမီး တစ်ယောက်နဲ့ ၁၀ နှစ် အရွယ် ကလေး တစ်ယောက်တို့လည်း သေဆုံးခဲ့ရတယ်လို့ တချို့ သတင်းတွေမှာ ဖော်ပြပါတယ်။

စစ်သွေးကြွ တွေက ပါလီမန်ရဲ့ အဓိက ခန်းမထဲ အထိ မဝင်နိုင်ခဲ့ပေမယ့် လွှတ်တော် အမတ် နှစ်ယောက် အပါအဝင် ဒဏ်ရာရသူ ၄၀ ကျော် ရှိခဲ့ပါတယ်။

သူတို့က အဝင်ဝမှာ အသေခံ ကားဗုံးဖောက်ခွဲပြီး စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တစ်နာရီကျော် ကြာအောင် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။

အာဖဂန် ကာကွယ်ရေး ဝန်ကြီး အသစ် အတည်ပြု ခန့်အပ်ဖို့ စည်းဝေးနေချိန်နဲ့ တိုက်ဆိုင်ပြီး ခုလို ပါလီမန်ကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ တာလီဘန်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ