ဓာတ်ငွေ့ လျှော့ချဖို့ ဒတ်ချ်အစိုးရကို အမိန့်ထုတ်

ဓာတ်ပုံ မူပိုင် AFP
Image caption နယ်သာလန်ဟာ မြေနိမ့်တဲ့အတွက် ပင်လယ်ရေပြင် မြင့်တက်မှု အန္တရာယ်ကို ပိုမို ရင်ဆိုင်ရဖွယ်ရှိနေ။

နယ်သာလန် နိုင်ငံမှာ အစိုးရ အနေနဲ့ လာမယ့် ၅ နှစ် အတွင်း ဖန်လုံအိမ် ဓာတ်ငွေ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်း လျှော့ချဖို့ လုပ်ဆောင် ရမယ်လို့ တရားရုံး တစ်ခုက ဆုံးဖြတ် ညွှန်ကြား လိုက်ပါတယ်။

ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချမှုကို ထိထိရောက်ရောက် မဆောင်ရွက်ဘူး ဆိုရင် ကျန်တဲ့ ရာစုနှစ် တစ်ဝက်ဟာ ရာသီဥတု အလွန့်အလွန် ဆိုးရွား ဖောက်ပြန်ပြီး အစာရေစာ ရှားပါးကာ လူမှုဘဝ မငြိမ်သက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ အထိ ဦးတည် သွားနိုင်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက တရားရုံးမှာ အမှုလုပ် စွဲဆိုခဲ့တဲ့ အတွက် အခုလို ထူးခြားတဲ့ ဆုံးဖြတ်ချက် ပေါ်ထွက် လာတာပါ။

ဒီအမှုကို ပတ်ဝန်ကျင်အရေး တက်ကြွ လှုပ်ရှားသူတွေက နယ်သာလန် နိုင်ငံသား ၉၀၀ ကို ကိုယ်စားပြု ရုံးတင်ခဲ့တာ ဖြစ်ပြီး တရားရုံးက အခုလို ဆုံးဖြတ် ပေးတာမျိုးကို အရင်က မကြုံဖူးသေးပါဘူး။

ဒါ့အပြင် ဘယ်လ်ဂျီယံနဲ့ ဖိလစ်ပိုင် အစိုးရတွေကိုလည်း အလားတူ အမှုဖွင့် စွဲဆို သွားမှာ ဖြစ်တယ်လို့ လှုပ်ရှား တက်ကြွသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ