ပြင်သစ်ကို ကန်ထောက်လှမ်းခဲ့ဆို

  • 24 ဇွန် 2015
nsa ဓာတ်ပုံ မူပိုင်
Image caption အမေရိကန် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ရုံး

ဝီကီလိ ဝက်ဆိုက်က အသစ် ထုတ်ပြန် လိုက်တဲ့ အချက်အလက် တွေ အရ အမေရိကန် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ က ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းနဲ့ သူ့ရှေ့က သမ္မတ တွေ ကို ထောက်လှမ်း နေခဲ့ တယ် လို့ သိရပါတယ်။

ဒီလို ထောက်လှမ်းမှု တွေ လုပ်နေ တာဟာ ၂ဝဝ၆ ခုနှစ်နဲ့ ၂ဝ၁၂ ခုနှစ် တွေကြား ဖြစ်တယ် လို့ လည်း စွပ်စွဲ ရေးသား ထားပါတယ်။

ဒီအထောက်အထား ထုတ်ပြန်ချက် တွေ ကို အမေရိကန် နိုင်ငံခြား ရေး ဌာနက ဘာမှ အတည်ပြုချက် မပေးပါဘူး။

ယူကရိန်း အကျပ်အတည်း ကိစ္စ ဆွေးနွေးဖို့ ပြင်သစ်မှာ ရောက်နေတဲ့ ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လပ်ဗရော့ဗ် ကတော့ ဒီသတင်း ကြားရလို့ အံ့သြစရာ မရှိဘူး လို့ ပြောပါတယ်။

ဂျာမနီ၊ ဘရာဇီးနဲ့ မက္ကဆီကို အစိုးရ တွေ အပေါ် ဝီကီလိ ရဲ့ အရင် ဖော်ထုတ်ချက် တွေ အရ ဒီအထောက်အထား သစ် တွေဟာလည်း ဖြစ်နိုင်လောက်တယ် လို့ ဝါရှင်တန်က ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

၂ဝ၁၂ ခုနှစ် လောက်က ဂရိ နိုင်ငံ ယူရို ငွေ ဇုန်ထဲက ထွက်သွားရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက် တွေ အတွက် လျှို့ဝှက် အစည်းအဝေး တွေ ကို သမ္မတ အော်လန်း က အတည်ပြု ပေးခဲ့တယ် လို့ ဒီမှတ်တမ်း တခုမှာ ပါရှိ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ