လေအိတ် ချို့ယွင်းချက်ကြောင့် ဂျပန်ကား ၃ သန်း ပြန်ခေါ်

ဓာတ်ပုံ မူပိုင် Getty
Image caption တာကာတာ ကုမ္ပဏီရဲ့ လေအိတ် ချို့ယွင်းမှုကြောင့် ကားစင်းရေ သန်း ၃၀ ကျော် ပြန်သိမ်းခဲ့ရ။

ဂျပန် နိုင်ငံက အကြီးဆုံး ကားကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ တိုယိုတာနဲ့ နစ်ဆန်း ကားကုမ္ပဏီတွေက သူတို့ ကားတွေမှာ ပါဝင်တဲ့ လေအိတ်တွေကြောင့် လူ ၈ ယောက် သေဆုံးခဲ့ရ အပြီး ကားစင်းရေ ၃ သန်းကို ပြန်လည် ခေါ်ယူ ခဲ့ရပါတယ်။

ကားလေအိတ်တွေ ထုတ်လုပ်တဲ့ Takata ကုမ္ပဏီကတော့ လေအိတ် ပေါက်ကွဲမှုတွေ ဘာ့ကြောင့် ဖြစ်နေတယ် ဆိုတာ မသိရသေးကြောင်း ပြောပါတယ်။

တာကာတာ ကုမ္ပဏီရဲ့ လေအိတ်တွေကြောင့် ဘီအမ်ဒဗလျူ၊ ခရိုင်စလာ၊ ဖို့ဒ်၊ ဟွန်ဒါနဲ့ မာဇဒါ ကားတွေ စုစုပေါင်း စင်းရေ သန်း ၃၀ ကျော်ကို အမေရိကန် နိုင်ငံထဲကနေ ပြန်လည် ခေါ်ယူ ခဲ့ရပြီး ဖြစ်ပါတယ်။

တချို့ လေအိတ်တွေမှာ လေဖြည့်ကိရိယာ ချို့ယွင်းသွားတဲ့ အတွက် လေအိတ်ကို ပေါက်ကွဲ ထွက်စေပြီး ကားထဲမှာ သတ္တု အပိုင်းအစတွေ ပြန့်ကျဲ ထွက်စေတာ ဖြစ်ပါတယ်။