မြောက်ကိုရီးယားက လေဆိပ်အသစ်ကို ထုတ်ဖော် ပြသ

  • 25 ဇွန် 2015
ဓာတ်ပုံ မူပိုင် epa
Image caption ကင်ဂျုံအန်းနဲ့ သူ့ဇနီး လေဆိပ်အတွင်း စစ်ဆေးနေတဲ့ ပုံတွေကို နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြ။

မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်းမြို့မှာ အသစ် ဆောက်လုပ် ပြီးစီးခဲ့တဲ့ လေဆိပ် အသစ်ကြီးရဲ့ ဖိတ်ဖိတ်တောက် ခမ်းနားတဲ့ ဓာတ်ပုံတွေကို နိုင်ငံပိုင် သတင်းစာမှာ ဝေဝေဆာဆာ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ သူ့ဇနီးတို့ လေဆိပ် အတွင်းက ဆိုင်တွေကို စစ်ဆေး ကြည့်ရှုနေတဲ့ ဓာတ်ပုံတွေကို နေ့စဉ်ထုတ် Rodong Sinmun သတင်းစာရဲ့ စာမျက်နှာ အချို့မှာ ဖော်ပြ ထားတာပါ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း မြောက်ကိုရီးယား အစိုးရက တည်ဆောက် ပြီးစီးခဲ့တဲ့ ကြီးမားတဲ့ အဆောက်အဦး တချို့ကို ဖော်ထုတ် ပြသခဲ့ပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေ ကတော့ နိုင်ငံသား အများစုဟာ ဆင်းရဲ ချို့တဲ့တဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်တယ်လို့ ပြောကြပါတယ်။

ခရီးစဉ် အနည်းအကျဉ်းသာ ဆိုက်ကပ် ထွက်ခွာမှာ ဖြစ်တဲ့ အဲဒီ လေဆိပ် အသစ်ဟာ ဇူလိုင် ၁ ရက်နေ့မှာ ဖွင့်လှစ်ဖို့ သတ်မှတ် ထားတာပါ။

အခုလ အစောပိုင်းကတော့ မြောက်ကိုရီးယားဟာ နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးရွားဆုံး မိုးခေါင် ရေရှားမှုနဲ့ ကြုံနေရတယ်လို့ ကြေညာခဲ့ပြီး စားနပ်ရိက္ခာ ရှားပါးမှုကို ပိုဆိုး စေနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေကို ကြီးထွားစေခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ