ကိုဘာနီမြို့ကို IS တွေ ပြန်လည် တိုက်ခိုက်လာ

  • 25 ဇွန် 2015
ဓာတ်ပုံ မူပိုင် epa
Image caption အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့။

ဆီးရီးယား နိုင်ငံ ကိုဘာနီမြို့ကနေ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွကို တိုက်ထုတ် နိုင်ခဲ့တာ လအနည်းငယ် ကြာခဲ့ပြီးနောက် အခုအခါ ကိုဘာနီမြို့ကို IS တွေက တကျော့ပြန် တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့ကြပါတယ်။

IS တွေက ကားဗုံးခွဲ တိုက်ခိုက်မှု ၂ ခုနဲ့ အတူ ကိုဘာနီ မြို့ကို ကာကွယ်ထားတဲ့ ကာဒစ်ရှ် တပ်ဖွဲ့တွေကို တိုက်ခိုက် ခဲ့ကြတဲ့ အတွက် သေဆုံးသူ လူ ၃၀ အထိ ရှိခဲ့ပြီး အများအပြားလည်း ဒဏ်ရာ ရခဲ့ပါတယ်။

ဒါ့အပြင် ကိုဘာနီမြို့ အနီး ကျေးရွာတစ်ခုက လူ အယောက် ၂၀ ကိုလည်း IS တွေက ပစ်သတ် ခဲ့ကြတယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

IS စစ်သွေးကြွတွေဟာ လတ်တလောမှာ ကာဒစ်ရှ် တပ်ဖွဲ့တွေကို ဆက်တိုက် ရှုံးနိမ့် နေပေမယ့် ကြာသပတေးနေ့က တိုက်ပွဲတစ်ခုမှာတော့ ဆီးရီးယား အရှေ့မြောက်ပိုင်းက Hassakeh မြို့ရဲ့ တစိတ်တပိုင်းကို IS တွေပြန်သိမ်းနိုင်ခဲ့ပါတယ်။

အစောပိုင်းက IS ဌာနချုပ် ရှိရာ ရက်ကာမြို့ရဲ့ အဓိက ထောက်ပံ့ရေး လမ်းကြောင်းကို ကာဒစ်ရှ် တပ်ဖွဲ့တွေက ဖြတ်တောက် ထားနိုင်ခဲ့ပြီးနောက် အခုလို သီးခြား မြို့ ၂ခုကို IS တွေက ပြန်လည် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ