ရွေ့ပြောင်းသူတွေအရေး သဘောတူညီချက် ဥရောပ ခေါင်းဆောင်တချို့ စိတ်ပျက်

  • 26 ဇွန် 2015
eu_migrants ဓာတ်ပုံ မူပိုင် epa
Image caption ဥရောပဆီ ရွေ့ပြောင်းနေထိုင်သူတွေ သောင်းနဲ့ ချီရောက်လာ

ကြာသပတေးနေ့ ညနေပိုင်းက အီးယူ ခေါင်းဆောင်တွေ အကြား ရရှိခဲ့တဲ့ ဥရောပဆီ ရောက်လာကြတဲ့ ရွေ့ပြောင်း နေထိုင်သူတွေကို ပြန်လည် နေရာချထားဖို့ အတွက် သဘောတူညီချက်နဲ့ ပတ်သက်လို့ ဥရောပ ခေါင်းဆောင်တချို့က စိတ်ပျက်မိကြောင်းပြောပါတယ်။

အီတလီ ဝန်ကြီးချုပ် မက်တီယို ရန်ဇီက ဒီ အစီအစဉ်တွေဟာ ရှိသင့်တာထက် ပိုပြီး လုပ်ထားသလို ဖြစ်နေတဲ့ အကြောင်း ပြောပါတယ်။

ဘဲလ်ဂျီယံ ဝန်ကြီးချုပ် ရှားလ်မီရှဲလ်ကလည်း ဒီဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ စိတ်မချမ်းမသာ ဖြစ်မိတဲ့ အကြောင်း ပြောပါတယ်။ ဥရောပအနေနဲ့ ဒီထက်ပိုပြီး ကောင်းအောင် လုပ်နိုင်မယ်လို့ ထင်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေဟာ အနာဂတ် ဥရောပ တိုက်အတွက် အင်မတန် အရေးကြီးတဲ့ စိန်ခေါ်မှုကြီး တခု ဖြစ်ကြောင်းနဲ့ ပြဿနာကြီးတခု ဖြစ်လာနိုင်ကြောင်းပြောပါတယ်။

ကုလသမဂ္ဂ အရာရှိတဦး ကတော့ ဒီသဘောတူညီချက်က လိုသလောက် ခရီးမရောက်ခဲ့ဘူးလို့ ဆိုပါတယ်။

ဥရောပ ခေါင်းဆောင်တွေက ရွေ့ပြောင်းနေထိုင် သူပေါင်း ၄ သောင်းနီးပါးကို ပြန်လည် နေရာချထား ပေးဖို့အတွက် သဘောတူခဲ့ ကြတာပါ။ နောက်ပြီး အီးယူ အပြင်မှာ ရှိနေတဲ့ ခိုလှုံဖို့ ရောက်လာသူပေါင်း ၂ သောင်းလောက်ကို လည်း ပြန်လည် နေရာချပေးဖို့ ရှိပါတယ်။