တနေ့တည်း ၃ နိုင်ငံမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာ

tunisia_attack_
Image caption တူနီးရှား ကမ်းခြေဟိုတယ် သေဆုံးသူတွေထဲ သေဆုံးသူ တွေ ထဲ မှာ ဗြိတိန် နဲ့ ဂျာမနီ အပါအဝင် နိုင်ငံခြားသား ခရီးသည် တွေ ပါဝင်။

တူနီးရှား နိုင်ငံ က ဆုစ် မြို့ မှာ ရှိတဲ့ အပန်းဖြေ ကမ်းခြေ ဟိုတယ် တစ်ခု မှာ လူတစ်ယောက် က သေနတ် နဲ့ ပစ်ခတ် ခဲ့လို့ ၃၇ ယောက် သေဆုံး သွားပါတယ်။

လာရောက် အပမ်းဖြေ သူ တစ်ဦး သဖွယ် ဟန်ဆောင် ထားသူ ဟာ သေနတ် ကို ဆွဲထုတ် ပစ်ခတ် ခဲ့တာ မှာ နေပူစာ လှုံနေသူ တွေ ကြောက်လန့်တကြား နဲ့ တကွဲတပြား စီ ထွက် ပြေး ခဲ့ ကြရပါတယ်။

ရုပ်မြင်သံကြား ကနေ ပြနေတဲ့ သတင်းတွေ မှာ သောင်ပြင် ပေါ် ရေကူး ဝတ်စုံ နဲ့ လဲ နေသူ တွေ ကို တွေ့ ရပါတယ်။

သေဆုံးသူ တွေ ထဲ မှာ ဗြိတိန် နဲ့ ဂျာမနီ အပါအဝင် နိုင်ငံခြားသား ခရီးသည် တွေ ပါဝင် ပါတယ်။

လွန်ခဲ့တဲ့ ၃ လ က ပဲ တူနီးရှား နိုင်ငံ ဘာဒိုး ပြတိုက် မှာ အစ္စလာမ်မစ် တွေ လက်ချက် နဲ့ လူ ၂၀ ကျော် သေဆုံး ခဲ့ ရအပြီး အခု တစ်ကြိမ် ထပ်ပြီး အကြမ်းဖက် တိုက်ခိုက် မှု ပေါ်ပေါက် လာ ခဲ့ပြန် တာ ဖြစ်ပါတယ်။

တခါ၊ ကူဝိတ် နိုင်ငံ မှာလဲ ရှီအာ မွတ်ဆလင်မ် ပလီတစ်လုံး မှာ အသေခံ ဗုံးခွဲ တိုက်ခိုက် ခံရလို့ အနည်းဆုံး လူ ၂၅ ယောက် သေဆုံး သွား ပါတယ်။

သောကြာနေ့ စုပေါင်း ဝတ်ပြုနေစဉ် တိုက်ခိုက် ခံခဲ့ ရတာ ဖြစ်ပါတယ်။

ဒါဟာ ကူဝိတ်နိုင်ငံ ထဲ မှာ ပထမဆုံး အကြိမ် အခုလို ပုံစံမျိုး စတင် အတိုက်အခိုက် ခံလာရတာ ဖြစ် ပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ က သူတို့ အဖွဲ့ဝင် တစ်ဦး က အခုလို တိုက်ခိုက် ခဲ့တာ ဖြစ်တယ် လို့ ပြောပါတယ်။

ဆွန်နီ မွတ်ဆလင်မ် IS တွေ အနေနဲ့ ရှီအာ တွေ အပေါ် အစ္စလာမ် ဘာသာရေး ရဲ့ မူလ သွန်သင်ချက် တွေ ကနေ သွေဖီ သူတွေ လို့ မှတ်ယူ ထားတာ ဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံ ထဲ မှာလည်း လီယွန် မြို့ အနီးက ဓာတုစက်ရုံ တစ်ခု ကို အစ္စလာမ်မစ် တစ်ဦး လို့ ယူဆရသူ က တိုက်ခိုက် လာခဲ့ အပြီး မှာတော့ အခုဆို အန္တရာယ် သတိပေးမှု တွေ ထုတ်ပြန် ပြီး တပ်လှန့် ထားပါတယ်။

ကျူးလွန် ခဲ့သူ လို့ ယူဆရတဲ့ အသက် ၃၅ နှစ် အရွယ် Yassin Sahli ဟာ အဲဒီ့ စက်ရုံ ရဲ့ ခြံစည်းရိုး မှာ အာရပ် စာ တွေ ရေးထားတဲ့ ခေါင်း ပြတ် တစ်လုံးကို ချိတ်ထား ခဲ့ ပြီး ကားနဲ့ လည်း စက်ရုံ က ဓာတ်ငွေ့ အိုး တွေ ကို ဝင်တိုက် ခဲ့ လို့ ပေါက်ကွဲ မှု အသေးစား ဖြစ် ပေါ် ခဲ့ ပါတယ်။

Yassin Sahli ကို ပြင်သစ်ရဲ က ဖမ်းဆီးထား ပြီး သူ့ အလုပ်ရှင် ရဲ့ ခေါင်း ကို ဖြတ်ယူ လာပြီး အဲဒီ့လို စက်ရုံ ဝင်းနံရံ မှာ ချိတ်ဆွဲ ခဲ့တာ ဖြစ်တယ် လို့ အစိုးရ ရှေ့နေ တွေ က ယူဆ ထား ကြပါတယ်။

အခုလို တစ်နေ့ထဲ နိုင်ငံ ၃ ခု မှာ တိုက်ခိုက် မှု တွေ ပေါ်ပေါက် ခဲ့တဲ့ အပေါ် မွတ်ဆလင်မ် ကမ္ဘာ က ထိပ်တန်း ဘာသာရေး ခေါင်းဆောင် တွေ အဖွဲ့အစည်း တွေ က ပြစ်တင် ရှုတ်ချ လိုက် ကြ ပါတယ်။

အီဂျစ် နိုင်ငံ ကဩဇာကြီး တဲ့ ဆွန်နီ မွတ်ဆလင်မ် တက္ကသိုလ် Al-Azhar က၊ တူနီရှား ကမ်းခြေ အတိုက်အခိုက် ခံခဲ့ ရမှု ဟာ ဘာသာတရား အားလုံး နဲ့ ကောင်းမြတ်မှု အားလုံး တိုက်ခိုက် ခံခဲ့ ရတာ ဖြစ်တယ် ဆိုပြီး ပြောသလို၊ အီဂျစ် နိုင်ငံ က ဆွန်နီ မွတ်ဆလင်မ် ဘာသာရေး ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ Youssef al-Qaradawi ကလည်း အကြမ်းဖက်မှု ကို ကျူးလွန် ကြတဲ့ လက်နက် ကိုင်တွေ ဟာ သားရဲ တိရိစ္ဆာန် တွေ ထက် ဆိုးရွား သူတွေ ဖြစ်တယ် ဆိုပြီး ပြော ခဲ့ ပါတယ်။

အမေရိကန် အိမ်ဖြူတော် ကလည်း အဲဒီ့ တိုက်ခိုက်မှု အားလုံးဟာ အင်မတန် စဉ်းလဲ ကောက်ကျစ် တဲ့ လုပ်ရပ် အဖြစ် သတ်မှတ် ပြီး အကြမ်းဖက်ဝါဒ အပေါ် အားလုံး နဲ့ လက်တွဲ တိုက်ခိုက် သွားမယ် လို့ ထုတ်ပြန် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ