တူနီးရှား ကမ်းခြေ ဟိုတယ်ကို သေနတ်သမားတွေ တိုက်ခိုက်

  • 26 ဇွန် 2015
tunisia_attack ဓာတ်ပုံ မူပိုင်
Image caption တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ

တူနီးရှား နိုင်ငံက ခရီးသွား ဧည့်သည်တွေနဲ့ စည်ကားတဲ့ ကမ်းခြေ အပမ်းဖြေ ဟိုတယ် မှာ သေနတ်သမား တွေက တိုက်ခိုက် ခဲ့တာကြောင့် အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့ရပါတယ်။

အဲ့ဒီ တိုက်ခိုက်လာတဲ့ အထဲက သေနတ်သမား တဦးကိုတော့ အသေပစ်ခတ် ရမိခဲ့ပြီး ကျန်တဦး ကိုတော့ လုံခြုံရေး တပ်ဖွဲ့တွေက လိုက်လံ ရှာဖွေနေတယ်လို့ အာဏာပိုင် တွေကပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဥရောပနဲ့ မြောက်အာဖရိက ဆီက လာကြတဲ့ ခရီးသွား ဧည့်သည်တွေ အများအပြား လာကြတဲ့ ဆူဆ် မြို့မှာ ဖြစ်ခဲ့ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တူနီးရှားက ခရီးသွား ဧည့်သည်တွေရဲ့ အပမ်းဖြေ နေရာတွေကို ဒုတိယအကြိမ် တိုက်ခိုက် ခံရခြင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ တုန်းကလည်း မြို့တော် တူးနစ္စမှာ ရှိတဲ့ ဘာဒို ပြတိုက် မှာ သေနတ်သမား တွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။