အမေရိကန် ပြည်နယ် ၅၀လုံးမှာ လိင်တူ တရားဝင် လက်ထပ် နိုင်တော့မယ်

  • 26 ဇွန် 2015
usa_gay_marriage ဓာတ်ပုံ မူပိုင် b
Image caption အမေရိကန် ရဲ့ ပြည်နယ် ၅၀ စလုံး မှာ လိင်တူ လက်ထပ် တာ ဟာ တရားဝင် ဖြစ်လာတော့ မှာပါ။

အမေရိကန် ပြည်ထောင်စု တနံတလျား က ပြည်နယ် အားလုံး မှာ လိင်တူ စုံတွဲ တွေ အားလုံး လက်ထက် ပိုင်ခွင့် ရှိရရမယ် ဆိုပြီး အမေရိကန် ရဲ့ အမြင့်ဆုံး တရား ရုံးချုပ် က ဆုံးဖြတ် လိုက် ပါတယ်။

၅ မဲ - ၄ မဲ နဲ့ အခုလို ရလာဒ် ထွက် ပေါ် လာခဲ့တဲ့ အတွက် အမေရိကန် ရဲ့ ပြည်နယ် ၅၀ စလုံး မှာ လိင်တူ လက်ထပ် တာ ဟာ တရားဝင် ဖြစ်လာတော့ မှာပါ။

လက်ထပ် ထိပ်မြား ပိုင်ခွင့် ဆိုတာ လူသား တွေ ရဲ့ အခြေ ခံ အခွင့်အရေး ဖြစ်ပြီး လိင်တူ ချစ်သူ တွေ အပေါ် မှာလည်း အဲဒီ့ အခွင့်အရေး ကို မပိတ်ပင် သင့်ဖူး လို့ တရားရုံးချုပ် က ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

ရုံးတော် ရှေ့မှောက် စောင့်ဆိုင်း နေကြတဲ့ လူအုပ်ကြီး ဟာ အခုလို ဆုံးဖြတ်ချက် ထွက် လာခဲ့တဲ့ နောက် ပျော်ရွှင်စွာ နဲ့ အောင်ပွဲခံ ခဲ့ ကြပါတယ်။

ဒီ ဆုံးဖြတ်ချက် ဟာ တန်းတူ ညီမျှရေး အတွက် ကြီးမားတဲ့ ခြေလှမ်း တစ်ရပ် ဖြစ်ပြီး တိုင်းပြည်ထဲ က လူမှု အသိုင်းအဝိုင်း အားလုံး ပိုပြီး ခိုင်မာ ညီညွတ် လာစေ မှာ ဖြစ်တယ် လို့ အမေရိကန် သမ္မတ အိုဘားမား က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ