ဂရိကြွေးမြီ ပြန်ဆပ်ရမယ့် နောက်ဆုံးရက် ရွှေ့မပေးနိုင်လို့ ဥရောပငြင်းပယ်

  • 27 ဇွန် 2015
_greece_debt ဓာတ်ပုံ မူပိုင်
Image caption ဂရိ ဘဏ် တွေ ကနေ ငွေသား ထုတ်ယူ နိုင်တဲ့ ပမာဏ ကန့်သတ် လာ နိုင်တာ ကြောင့် မိမိ တို့ ငွေ တွေ ကို အချိန်မီ ထုတ်ယူ ကြဖို့ အတွက် ဂရိ ဘဏ်တွေ ရဲ့ အရှေ့ မှာ လူတွေ တန်းစီ ငွေထုတ်နေ။

ယူရို ငွေကြေး အဖွဲ့ဝင် နိုင်ငံတွေ ရဲ့ ဘဏ္ဍာရေး ဝန်ကြီး တွေ ဟာ အင်္ဂါနေ့ မှာ သက်တမ်း ကုန်ဆုံး တော့မယ့် ဂရိ ဘဏ်တွေ ကို ကယ်ဆယ် ထား တဲ့ အစီအစဉ် ကို သက်တမ်း တိုး မပေး နိုင်ဘူး ဆိုပြီး ငြင်းပယ် လိုက် ပါတယ်။

ဂရိ ဘဏ်တွေ ကို ထပ်မံ ကယ်ဆယ် ဖို့ နိုင်ငံတကာ မြီရှင် တွေ ရဲ့ ကမ်းလှမ်း ထား မှု ကို လက်ခံ ရ မလား ဆိုတဲ့ အပေါ် ဂရိ နိုင်ငံ မှာ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပ ကာ ဆုံးဖြတ် နိုင် ဖို့ အတွက် အင်္ဂါ နေ့ နောက်ဆုံး ရက် ကို ရွှေ့ ပေးပါ ဆိုပြီး ဂရိ အစိုး ရ က တောင်းဆို ထားတာ ဖြစ် ပါတယ်။

လာမယ့် အင်္ဂါ နေ့ ဟာ ဂရိ အနေနဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF ကို ဒေါ်လာ သန်း တစ်ထောင့်ခွန်နှစ်ရာ ပြန်ဆပ် ရမယ့် နောက်ဆုံးရက် ဖြစ်ပါတယ်။

အခုလို သက်တမ်း တိုး ပေး ဖို့ ငြင်း ဆို လိုက် တဲ့ ဆုံးဖြတ်ချက် ဟာ ယူရို ငွေကြေး အုပ်စု တစ်ခုလုံး အပေါ် ယုံကြည် စိတ်ချ နိုင်မှု ပျက်ပြား သွားစေတယ် ဆိုပြီး ဂရိ ဘဏ္ဍာရေး ဝန်ကြီး ယားနစ် ဗာရူဖားကစ် က တုန့်ပြန် ခဲ့ ပါတယ်။

ဒီ အချိန် မှာပဲ ဥရောပ ဗဟို ဘဏ် ECB ကလည်း သူတို့ အနေနဲ့ ဂရိ ဘဏ္ဍာရေး အကြပ်အတည်း ကို စောင့်ကြည့် နေတယ် လို့ ပြောပါတယ်။

ဂရိ ဘဏ်တွေ ပြိုလဲ မသွားအောင် ECB အနေနဲ့ အရေးပေါ် ရံပုံငွေ တွေ ဆက်လက် ထုတ်ပေးဦး မလား ဆိုတာ ကို ဆုံးဖြတ် ကြဖို့ အတွက် ဇွန်လ ၂၈ ရက် တနင်္ဂနွေ နေ့ မှာ ECB က အစည်းအဝေး ခေါ် ယူဖို့ မျှော် လင့် ရပါတယ်။

ဂရိ ဘဏ် တွေ ကနေ ငွေသား ထုတ်ယူ နိုင်တဲ့ ပမာဏ ကန့်သတ် လာ နိုင်တာ ကြောင့် မိမိ တို့ ငွေ တွေ ကို အချိန်မီ ထုတ်ယူ ကြဖို့ အတွက် စနေ နေ့ ကတော့ ဂရိ ဘဏ်တွေ ရဲ့ အရှေ့ မှာ စောင့်ဆိုင်း နေကြ တဲ့ လူတန်း ရှည် ကြီး တွေ ဖြစ်ပေါ် လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ