တိုင်ပေမြို့ ရေလွှာလျှောစီး ဥယျာဉ်မှာ မီးလောင်

  • 27 ဇွန် 2015
taiwan_fire ဓာတ်ပုံ မူပိုင်
Image caption အယောက် ၈၀ ကျော် မီးလောင် ဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ ကြရပါတယ်။

ထိုင်ဝမ် မြို့တော် တိုင်ပေ အနီး က ဖော်မိုဆာ ရေလွှာ အပန်းဖြေ ဥယျာဉ် ထဲ မှာ မီးလောင် ပေါက်ကွဲ မှု ဖြစ်ခဲ့ လို့ လူ ၂၀၀ ကျော် ထိခိုက် ဒဏ်ရာ ရ သွားပါတယ်။

လူအုပ် ထဲ က ကြဲ ချ ပေးတဲ့ အမျိုး အမည် မသိရ တဲ့ ရောင်စုံ ဓာတု ဆေးမှုန့် တွေ လေထဲ မှာ မီးစွဲ လောင် ခဲ့တာ ဖြစ်တယ် လို့ ထိုင်ဝမ် အာဏာပိုင် တွေ က ပြောပါတယ်။

ဒဏ်ရာ ရသူ တွေ ထဲ က အယောက် ၈၀ ကျော် ဟာ မီးလောင် ဒဏ် ကို ဆိုးဆိုးရွားရွား ခံခဲ့ ကြရ ပါတယ်။

မီးလောင် ရတဲ့ အကြောင်းအရင်း ကို စုံစမ်း နေကြ ပြီး အခုဆို ဖော်မိုဆာ အပန်းဖြေ ဥဥယျာဉ် ကို ပိတ်ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ