တူနီးရှား တိုက်ခိုက်မှု အပြီး လုံခြုံရေး တိုးမြှင့်

  • 27 ဇွန် 2015
ဓာတ်ပုံ မူပိုင် AP
Image caption သေဆုံးသူထဲ ဗြိတိန် နိုင်ငံသားတွေ ပါဝင်

တူနီးရှား နိုင်ငံမှာ ဥရောပသား အများစု ဖြစ်တဲ့ လူ ၃၈ ဦး သေဆုံး ခဲ့ရတဲ့ အပန်းဖြေ ဟိုတယ် တခုကို တိုက်ခိုက်မှု အပြီးမှာ အကြမ်းဖက်ဖို့ ဟောပြော ခဲ့တဲ့ ဗလီကျောင်း ၈၀ ကို ပိတ်ပစ်မှာ ဖြစ်ကြောင်း တူနီးရှား အစိုးရက ကြေညာ ပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ လာရောက် လည်ပတ်တဲ့ နေရာ တွေမှာ လုံခြုံရေး တိုးမြှင့် ထားပြီး စစ်တပ် အရံ အင်အားတွေ ကိုလည်း ဆင့်ခေါ် ထားတယ်လို့ တူနီးရှား အစိုးရက ပြောပါတယ်။

အစ္စလာမ္မစ် နိုင်ငံ လို့ သူတို့ကို သူတို့ ခေါ်တဲ့ IS အဖွဲ့က ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ သူတို့ ရှိနေတယ်လို့ ထုတ်ဖော် ပြောခဲ့ ပါတယ်။

တိုက်ခိုက်တဲ့ သေနတ်သမားကို လုံခြုံရေး တပ်ဖွဲ့က ပစ်သတ်ခဲ့ ပါတယ်။

နိုင်ငံခြား ကမ္ဘာလှည့် ခရီးသွား ကုမ္ပဏီ တွေက တူနီးရှားမှာ ထောင်နဲ့ချီ ရှိနေတဲ့ သူတို့ ခရီးသည် တွေကို ပြန်လည် ခေါ်ထုတ် နေပါတယ်။

တူနီးရှားမှာ အသတ်ခံ ခဲ့ရသူ အများအပြား ဟာ ဗြိတိန် နိုင်ငံသားတွေ ဖြစ်တယ် ဆိုတာကို လက်ခံနိုင်အောင် ကြိုး စားဖို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက သူ့နိုင်ငံသား တွေကို ပြောကြား ခဲ့ပါတယ်။

အသတ်ခံ ရသူ ၃၈ ဦးရှိတဲ့ အနက် အခုချိန် အထိ ၈ ဦးကို ဗြိတိန် နိုင်ငံသား တွေ ဖြစ်တယ် ဆိုတာ တူနီးရှား အာဏာပိုင် တွေက အတည်ပြု ခဲ့ပါတယ်။