AIIB ဘဏ် လက်မှတ်ထိုးပွဲ တရုတ်မှာ ပြုလုပ်

ဓာတ်ပုံ မူပိုင် AP
Image caption အဖွဲ့ဝင် နိုင်ငံတွေထဲမှာ အမေရိကန်နဲ့ ဂျပန်တို့ မပါဝင်။

ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးမှုဘဏ် တွေနဲ့ အပြိုင် ဖြစ်လာနိုင်တဲ့ AIIB ခေါ် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီး မြှုပ်နှံမှု ဘဏ် အတွက် သဘောတူ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို တရုတ် နိုင်ငံ၊ ဘေဂျင်းမြို့မှာ ပြုလုပ် ခဲ့ပါတယ်။

ဘဏ်ရဲ့ မတည် ရင်းနှီးငွေ၊ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အစုရှယ်ယာတွေနဲ့ ပတ်သက်တဲ့ စာချုပ်စာတန်း တွေကို နိုင်ငံ ၅၀ က ကိုယ်စားလှယ်တွေ လက်မှတ် ထိုးခဲ့ကြပါတယ်။

ဒီ လက်မှတ်ထိုးပွဲ အခမ်းအနားဟာ ထူးခြားတဲ့ သမိုင်းဝင် အဆင့်တစ်ခု ဖြစ်တယ်လို့ တရုတ် သမ္မတ ရှီကျင်းပင်က ပြောပါတယ်။

AIIB ဘဏ်ကို ထူထောင်သူ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ယူကေ၊ ဂျာမနီ၊ သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံတို့ ပါဝင်ပါတယ်။

အမေရိကန်နဲ့ ဂျပန်တို့ကတော့ ဒီဘဏ်ရဲ့ အုပ်ချုပ်မှုပိုင်း ဆိုင်ရာ စံနှုန်းတွေကို စိုးရိမ်မကင်း ဖြစ်တဲ့အတွက် အဖွဲ့ထဲဝင်ဖို့ ငြင်းဆန် ခဲ့ကြပါတယ်။

အာရှ ဒေသက စွမ်းအင်၊ ပို့ဆောင်ရေးနဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းတွေကို ငွေကြေး ထောက်ပံ့မယ့် အဲဒီ AIIB ဘဏ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလက တရုတ် ဦးဆောင်ပြီး နိုင်ငံ ၂၁ နိုင်ငံနဲ့ ကနဦး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ