ဗုံးခွဲတိုက်ခိုက်ခံရလို့ အီဂျစ် အစိုးရရှေ့နေ သေဆုံး

  • 29 ဇွန် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၃ နောက်ပိုင်း အဆင့်မြင့်ဆုံး အရာရှိ လုပ်ကြံခရမှုဖြစ်။

အီဂျစ် နိုင်ငံ၊ ကိုင်ရို မြို့တော်မှာ ကားဗုံးခွဲ တိုက်ခိုက် ခံရမှုကြောင့် ထိပ်တန်း အစိုးရ ရှေ့နေ Hisham Barakat ဟာ ဒဏ်ရာတွေကြောင့် သေဆုံး သွားခဲ့တယ်လို့ အီဂျစ် အရာရှိတွေက ပြောပါတယ်။

မစ္စတာ Barakat ရဲ့ ကားတန်းက Heliopolis ရပ်ကွက်ကို ဖြတ်မောင်း လာစဉ် ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့ ကိုယ်ရံတော် ၂ ယောက်လည်း ဒဏ်ရာ ရခဲ့ပါတယ်။

မစ္စတာ ဘာရာကတ်ဟာ ၂၀၁၃ ခုနှစ်က သမ္မတ မော်စီ ပြုတ်ကျပြီး နောက်ပိုင်း သမ္မတ မော်စီကို ထောက်ခံတဲ့ ထောင်နဲ့ချီတဲ့ အစ္စလာမ္မစ် တွေကို တရားရုံးတင် စွဲဆိုခဲ့သူ ဖြစ်ပါတယ်။

ပိတ်ပင်ထားတဲ့ မူဆလင် ညီနောင်များ အဖွဲ့အပေါ် ထောက်ခံသူတွေကို နှိမ်နင်းတဲ့ အနေနဲ့ ရာနဲ့ချီတဲ့ သူတွေဟာ သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်တွေကို ချမှတ် ခံခဲ့ကြရပါတယ်။

မစ္စတာ ဘာရာကတ် လုပ်ကြံ ခံရမှုဟာ အီဂျစ်မှာ ၂၀၁၃ ခုနှစ်က ပြည်ထဲရေး ဝန်ကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ နောက်ပိုင်းမှာ ရာထူးအမြင့်ဆုံး အရာရှိ တစ်ဦး လုပ်ကြံ ခံရမှု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ